သံတွဲခရိုင်/မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး သံတွဲ၌ကျင်းပ

သံတွဲ ဖေဖေါ်ဝါရီ ၁၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်/မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီခွဲအချိန်က သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ဝင်းဗိုလ်က အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါမျိုးကွဲ အိုမီခရွန်သည် သံတွဲခရိုင်အတွင်း ဖြစ်ပွားမှုမရှိ သေးသော်လည်း အခြားနေရာများ၌ ဖြစ်ပွားမှုများလာသဖြင့် အသိပညာပေး လုပ်ငန်းများနှင့် Mask Campaign လှုပ်ရှားမှုများကို ကော်မတီများ ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ သံတွဲ၊ တောင်ကုတ်၊ ဂွမြို့နယ် ကော်မတီများအနေဖြင့် ဆောင်ရွက်ရမည့် အစီအမံ များကို ဆွေးနွေးတင်ပြကြရန် ပြောကြားခဲ့သည်။

ထို့နောက် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ အတွင်းရေးမှူး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်လင်းက ပြည်နယ်အစိုးရမှ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် ပတ်သက်သည့် ညွှန်ကြားချက်များအား ချပြဆွေးနွေးခြင်း၊ ခရိုင်ကော်မတီ ဖွဲ့စည်းထားရှိမှုနှင့် တာဝန်များ ပေးအပ်ထားမှုများ အသိပေးခြင်းနှင့် သံတွဲခရိုင်အတွင်း အောက်စီဂျင်စက်ရုံများမှ အောက်စီဂျင် ထုတ်လုပ်နိုင်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

၎င်းနောက် အခမ်းအနားသို့တက်ရောက်လာကြသော ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အဖွဲ့ဝင်အသီးသီး က ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ခရိုင်ကော်မတီဥက္ကဋ္ဌက ဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)