လိပ်သို ဖေဖော်ဝါရီ ၁၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် (၂၃)ကြိမ်မြောက် ဆုတောင်းပြည့် လုဒ်မယ်တော် သခင်မပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မနက်ပိုင်း၌ မယ်တော်ဂူရှေ့တွင် သာသနာ့အလံ၊ မယ်တော်သမီးပျိုအလံနှင့် မယ်တော်အားနာအလံတို့ကို လွှင့်တင်ပြီး ညနေပိုင်းတွင် ကက်သလစ်သာသနာ ဘုန်းတော်ကြီး ဖာသာဒါညေးလယ်က ဦးဆောင်၍ ရေကောင်းကြီးမင်္ဂလာပေးခြင်းနှင့် ကျန်းမာခြင်း မိစာ္ဆးတရားတင်လှူ ပူဇော်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပွဲတော်သို့ ကက်သလစ်ဘာသာဝင်များ၊ ဘုန်းတော်ကြီးများ၊ သီလရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ ပါဝင်ဝတ် ပြု ဆုတောင်းခဲ့ကြပြီး ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
လိပ်သို (ပြန်/ဆက်)