ရေနံချောင်းမြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေး လုပ်ငန်းများအတွက် အထောက်အကူပြုပစ္စည်းများ ကျေးရွာများအရောက် ကွင်းဆင်းပေးအပ်လှူဒါန်း

ရေနံချောင်း ဖေဖော်ဝါရီ ၁၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့တွင် မြို့နယ်ကုသရေးဦးစီးဌာန၊ World vision Myanmar အဖွဲ့နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်း၍ ရေနံချောင်းနယ်အတွင်းရှိ ကျေးရွာ (၃၃)ရွာ မှ ဒေသခံပြည်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပေးအပ်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးလုပ်ငန်းများတွင် အထောက်အကူ ပြုပစ္စည်းများဖြစ်သော  KN 95 Mask၊ PPE ဝတ်စုံများ၊ Exam Gloves နှင့် OxygenConcentrator(2) များကို ကျေးရွာများအရောက် တာဝန်ရှိသူ များက ယနေ့နံနက် (၈)နာရီအချိန်မှ စတင်၍ ကျေးရွာများ အရောက်သွားရောက် ကွင်းဆင်းပေးအပ် လှူဒါန်းခဲ့ကြသည်။

အဆိုပါ ကျန်းမာရေးထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းမှုတွင် ရေနံချောင်းမြို့နယ် အတွင်းရှိ ကျေးရွာ (၃၃) ရွာမှ  ပြည်သူများအတွက် KN 95 Mask (၃၀၀၀)ခု၊ PPE ဝတ်စုံ (၅၀၀)၊ Exam Gloves (၃၀၀)နှင့် အောက်စီဂျင်ထုတ်စက် (အသေးစား) Oxygen Concentrator(2) (၅) လုံး တို့ကို ကျေးရွာများမှ တာဝန်ခံများထံ ပေးအပ်လှူဒါန်း ခဲ့ကြကြောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲ အမှုဆောင် ဒေါ်မြင့်မြင့်ဦး ထံမှသိရှိရသည်။

ငြိမ်းငြိမ်းအိ