နမ့်ခမ်းမြို့ရှိ နေဝန်းနီ (IDPs)တိုက်ပွဲရှောင်​စခန်း၌ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း(Omicron)ရောဂါ သိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

နမ့်ခမ်း     ဖေဖော်ဝါရီ     ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ နေဝန်းနီ   (IDPs)တိုက်ပွဲရှောင်စခန်း၌ ယနေ့နံနက်(၁၀)နာရီခွဲအချိန်တွင် နမ့်ခမ်းမြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း (Omicron) ရောဂါအကြောင်း အသိပညာပေး ဟော ပြောပွဲ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စန်းက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကြိုတင်ကာကွယ်ရေး လမ်းညွှန် ချက်များ၊ နှာခေါင်းစည်း (mask) စနစ်တကျ တပ်ဆင်ပုံများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေး လမ်းညွှန်ချက်များ၊ လူမှုနေထိုင်မှုစနစ်များ  ရှင်းလင်းဟောပြောပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးညီမောင်ဘဦးက ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း (Omicron)ရောဂါ အကြောင်းနှင့် (IDPs)စခန်းတွင် မိသားစုများနှင့် လူဦးရေများပြားစွာ စုဝေးနေထိုင်သည့် နေရာဖြစ်သည့် အတွက် ရောဂါကူးစက်မှုမရှိစေရန် ဂရုစိုက်နေထိုင် ရမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးလမ်းညွှန်ချက်များကို တစ်ဦးချင်းစီ တိကျလိုက်နာနေထိုင်သင့်ကြောင်း စသည့် ကျန်းမာရေး အသိပညာ ပေး လမ်းညွှန်ချက်များ ဆွေးနွေးဟောပြောခဲ့သည်။

နမ့်ခမ်းမြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါနှင့် မျိုးဗီဇပြောင်း (Omicron)ရောဂါ အသိပညာပေး ဟောပြော ခြင်းနှင့် စာအုပ်စာစောင်များ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာအုပ်စာစောင် ခင်းကျင်းပြသခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး စာစောင်/ဓာတ်ပုံများ ခင်းကျင်းပြသခြင်း စသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်များ၊  ကျေးရွာများ၊ တိုက်ပွဲရှောင်စခန်းများသို့ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဆိုင်ထွန်း(နမ့်ခမ်း)