မင်္ဂလာဒုံ ဖေဖေါ်ဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဟူသောဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရပ်ကွက်၊ ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက မင်္ဂလာဒုံမြို့နယ်ရှိ ချစ်တီးကုန်းရပ်ကွက်နှင့် တိလောကရပ်ကွက်ရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရန် ကျန်ရှိသော ရပ်ကွက်နေပြည်သူများအား ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်မှု တွင်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက မြို့နယ်ဦးစီးမှူးဦးမြင့်သူအောင်နှင့် ဒု-လဝကမှူး ဒေါ်ဖူးပွင့်ချို ဦးဆောင်သောအဖွဲ့က ချစ်တီးကုန်းရပ်ကွက်နှင့် တိလောကရပ်ကွက်ရှိ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားကတ်ကိုင်ဆောင်သူ (၇) ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားကတ်ကိုင်ဆောင်သူ (၇)ဦး၊ လဲလှယ်(၂)ဦး၊ မိတ္တူ(၅)ဦး၊ စုစုပေါင်း (၂၁) ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသီးသီး ကွင်းဆင်း ဆောက်ရွက်ပေးခဲ့ကြောင်း သိရသည်။ မင်္ဂလာဒုံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မေလ(၃)ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့ထိ နိုင်ငံသားစိစစ်ရေးကတ်ပြားစုစုပေါင်း (၂၇၁၂) ကတ်အား ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
သန္တာ(ပြန်/ဆက်)