လမ်းမ‌တော်မြို့နယ်တွင် ယာဉ်အန္တရာယ် ကင်းရှင်းရေးစစ်‌ဆေးဆောင်ရွက်

လမ်းမတော် ဖေဖော်ဝါရီ   ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ အ‌နောက်ပိုင်းခရိုင်၊ လမ်းမ‌တော်မြို့နယ်တွင် ပြည်သူများအား ယာဉ်တိုက်မှု အန္တရာယ်မှ ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာ‌ စေရေးအတွက် ယနေ့နံနက် (၉) နာရီအချိန်က၊ မော်တင်ယာယီဈေးရပ်ကွက်၊ ဘုန်းကြီးလမ်းနှင် ကမ်းနားကွန်ကရစ်လမ်းထောင့် တွင် ယာဉ်စစ်‌ဆေးခြင်း ဆောင်ရွက်လျက်ရှိ‌သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ယာဉ်များသွားလာမှု များပြားသည့် မြို့နယ်အတွင်းရှိ ဘုန်းကြီးလမ်းနှင့် ကမ်းနား ကွန်ကရစ်လမ်းထောင့်တွင် ယာဉ်တိုက်မှု မဖြစ်ပွားစေရန်၊ ယာဉ်အန္တရာယ် ကင်းရှင်းစေ ရန်အတွက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်‌နောင်ဖြူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာ‌အဖွဲဝင်များ ပူး‌ပေါင်း ဆောင်ရွက်ပေးလျက်ရှိပြီး   ခရီးသွားပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့် ယာဉ်လမ်း ရှင်းလင်း‌‌စေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

ကျော်ဆန်းမြင့်