ဒဂုံမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်

ဒဂုံ     ဖေဖော်ဝါရီ   ၁၅

ရန်ကုန်အ နောက်ပိုင်းခရိုင် ဒဂုံမြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုး ဗီဇပြောင်း အိုမီခရွန်ကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့   နံနက်(၈း၀)နာရီအချိန် ကယောမင်းကြီး ရပ်ကွက်ရှိ ဗိုလ်ရာညွှန့်စျေး၊ ဘုရားကြီးရပ်ကွက်ရှိ အခွန်လွှတ်စျေး၊ ဦးဝိစာရရပ်ကွက်ရှိဒဂုံရိပ်သာစျေးတို့တွင် မော်တော်ယာဉ်ဖြင့် လှည့်လည်၍ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်းပိုးမကူးစက်စေရေး အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရ သည်။

ထိုသို့အသိပညာပေး နှိုးဆော်ရာတွင် ဒဂုံမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ဖြစ်သည့်အိုမီခရွန်ကူးစက်ပျံ့နှံမှုမှ  ကာကွယ်တားဆီးနိုင်ရေးအတွက်     ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊ ပါးစပ် နှင့်နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ခြင်း၊ လက်ကို စက္ကန့် ( ၂၀) ကြာ မကြာခဏ ဆေးကြောခြင်း၊ လူစုလူဝေးရှောင်ရှားကာ တတ်နိုင်သမျှ မိမိတို့၏ နေအိမ်၌သာ နေထိုင်ခြင်း၊ သံသယ လက္ခဏာများ ခံစားရလျှင် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်ခြင်း စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ လိုက်နာနေထိုင်ရေးနှင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် မပျက်မကွက်ထိုးနှံကြကာ အိုမီခရွန် အပါအဝင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးများ ကူးစက်မှုက ရပ်တန့်စေရေး ရောဂါကာကွယ်ရေး နည်းလမ်းများကို ပြည်သူများအားလုံး ဆက်လက်လိုက်နာခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပညာပေး နှိုးဆော်ထားပါသည်။

ဒဂုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် စည်ပင်သာယာရေးကော်မတီ မြိုနယ်အုပ်ချုပ်ရေးမှူးနှင့် လက်ထောက်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မိုးမိုးခိုင်