မူဆယ် ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့တွင် လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ခြင်းကို မြို့နယ်ဦးစီးမှူးရုံးတွင် ယမန်နေ့နံနက် ၉:၃၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ ပေးအပ်ခြင်းဆောင်ရွက်ရာတွင် လူဝင်မူကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မူဆယ်ခရိုင်ဦးစီးမှူး ဦးရဲရင့်ထွန်းက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်(၄)ရပ် အကြောင်း၊ အသက်၁၈နှစ်ပြည့်ပြီးသူများ နိုင်ငံသားကတ် ကိုင်ဆောင်သင့်ကြောင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်ခြင်းကြောင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ နိုင်ငံသားတိုင်း နိုင်ငံသားကတ် လျောက်ထားရန်မှာ မိမိတို့၏ တာဝန်ဖြစ်ကြောင်းစသည့်တို့ကို ဟောပြောခဲ့ပြီး မုံးစီအုပ်စုမှ ဒေသခံတိုင်းရင်းသားများ၊ ဥပဒေအရဆောင်ရွက်ပေးလျက်ရှိသည့် မုန်းဝန်းတိုင်းရင်းသားများကို ကံစမ်းမဲ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းနှင့် တာမိုးညဲရှေ့တန်းရုံးတွင် မုံးစီးအုပ်စုမှ ဒေသခံ ရှမ်း၊ ကချင်တိုင်းရင်းသားများနှင့် မုန်းဝန်းတိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား(၅၁)ဦးအား နေ့ချင်းပြီး ဆောင်ရွက်ကာ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ခရိုင်ဦးစီးမှူးဦးရဲရင့်ထွန်းနှင့် ဘုတ်အဖွဲ့က ကွတ်ခိုင်မြို့နယ်သို့ဝင်ရောက်ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ ပန်းခင်းစီမံချက်လုပ်ငန်းများ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် အမြန်စိစစ် ဖြည့်သွင်းဆောင်ရွက်သွားပေးမည်ဖြစ်ကြောင်း မူဆယ်ခရိုင်ဦးစီးမှူးမှ ကွင်းဆင်းပြောကြား ခဲ့ကြောင်း သိရှိရပါသည်။
ချယ်ရီမြေ(မူဆယ်)