ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ မျိုးဗီဇကွဲ အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုလျှော့နည်းကျဆင်းစေရေးအတွက် အသိပညာပေး လုပ်ငန်းများကို အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိရာ၊ ဖေဖော်ဝါရီ(၁၄)ရက်နေ့ ညနေ(၄)နာရီက ဘူတာ ကွက်သစ်ရပ်ကွက်၊ လယ်ယားတောင်ကျေးရွာနှင့် တောင်ခြေကျေးရားများတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်မြင့်ကေခိုင်နှင့် ဝန်ထမ်းများသည် ကိုဗစ်-၁၉ မျိူးဗီဇကွဲ အိုမီခရွန်နှင့် ပတ်သက်၍ လက်ရှိကူးစက်ပြန့်ပွားမှု အခြေအနေနှင့် မိမိမြို့နယ်အတွင်း ကူးစက်ပြန့်ပွားမှုလျှော့နည်းကျဆင်းစေရေးအတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းများကို ဆက်လက်လိုက်နာကျင့်သုံးသွားကြရန်နှင့် မိမိနှင့်မိမိ ပတ်ဝန်းကျင်တွင် သံသယလူနာတွေ့ရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးအ ကြောင်းကြား၍ စစ်ဆေးခြင်း၊ ကုသမှုခံယူခြင်းများဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေး ပါက မြို့ပေါ်ဆေးထိုးစုရပ်များအဖြစ်ဖွင့်လှစ်ထားသည့် ပထမအကြိမ်ဆေးထိုးနှံမည့်သူ့များအတွက် မြို့နယ်လုံးဆိုင်ရာသာသနာ့ဗိမ္မာန်တွင်လည်းကောင်း၊ ဒုတိယအကြိမ်ထိုးနှံမည့်သူ့များအတွက် မြို့နယ်အားကစားခန်းမတွင်လည် းကောင်း သွားရောက်ထိုးနှံကြရန် လက်ကိုင်ဟွန်းစပီကာဖြင့် အသိပညာပေးဆော်ဩခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)