ဂွမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန်(Omicron) ကာကွယ်ရေးအသိပညာပေး နှိုးဆော်ခြင်းအားဆောင်ရွက်

ဂွ   ဖေဖော်ဝါရီ  ၁၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာန တို့ပူးပေါင်း၍ ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်(Omicron)ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို  ယမန်နေ့ နံနက်ပိုင်းနှင့် ညနေပိုင်း များတွင်  မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့အသိပညာပေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုနှုန်း လျော့နည်း ကျဆင်းမှုရှိပြီး အခြားနိုင်ငံ များတွင် ထပ်မံတွေ့ရှိရသည့် မျိုးဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါပိုးသည် မိမိတို့နိုင်ငံတွင် စတင်တွေ့ရှိ လာသည့်အတွက် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်မှာနေကြရန်၊ အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စက္ကန့် (၂၀)ကြာ ဆေးကြောကြရန်၊ လူထူထပ်သောနေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ကြရန်၊ ကာကွယ်ဆေးများကိုလည်း တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် လွှမ်းခြုံမှု အပြည့်အဝ ရရှိစေရန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာပြည်သူများအနေဖြင့် မပျက်မကွက် အကြိမ် အရေအတွက်ပြည့်ဝစွာ ထိုးနှံကြပါရန်စသည့် အချက်များအား အသိပညာပေးခြင်းများကို နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်