စမ်းချောင်းမြို့နယ်၌ ပြည်သူများအား အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်း​ဆောင်ရွက်

စမ်း​ချောင်း ဖေဖော်ဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ လတ်တလောတွင် အိုမီခရွန်ရောဂါ အတည်ပြုလူနာများ ပြန်လည်တွေ့ရှိ များပြားလာသဖြင့် ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စမ်းချောင်းမြို့နယ် ကျွန်း​တောစျေးအတွင်း လူစည်ကား​ရာ​နေရာများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲနှင့် စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဒေသခံ  ပြည်သူများအား အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးလိုက်နာရန် အသိပေးကြေညာခြင်း နှင့်  နှာခေါင်းစည်း (Mask) များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ဦးဆောင်၍ မြို့နယ်ကျန်းမား​ရေးဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူး​ပေါင်း၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ကြက်​ခြေနီအဖွဲ့ များ၊ ပရဟိတအဖွဲ့များနှင့် တာဝန်ရှိသူများမှ မြို့နယ်အတွင်း  လူစည်ကားရာနေရာများ ဖြစ်သည့် စျေးများ၊ လမ်းဆုံလမ်းခွများ၊ ကားဂိတ်များ၊ စာသင်ကျောင်းရှေ့တို့တွင် အိုမီခရွန် ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ဆောင်ရန်နှင့် ရှောင်ရန်အချက်များအား ပြည်သူများ သိရှိလိုက်နာစေရန် လှည့်လည်အသိ ပေးကြေညာခြင်းအပြင်၊ မဖြစ်မနေ ပါးစပ်နှင့် နှာခေါင်းစည်း Mask တပ်ဆင်ရေးအတွက် Mask များ ပြည်သူတို့၏ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နီလာစိုး(ပြန်/ဆက်)