ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး Booster Dose (ပထမအကြိမ်) စတင်ထိုးနှံ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး (၆)လနှင့်အထက်ရှိသူများ၊ အသက်(၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများကို ယနေ့နံနက် (၉)နာရီက ၇ဒေသန္တရကျန်းမာရေးဌာနတွင် ရုရှားနိုင်ငံထုတ် Booster Dose ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို စုစုပေါင်း(၁၈၀)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးတိုက်/ ဆေးထိုးခြင်း များ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက်(၂)နှစ်အောက် ကလေး ငယ်များ ပုံမှန်ကာကွယ်ဆေးတိုက်/ ဆေးထိုးခြင်းလုပ်ငန်းများကို ယနေ့ နံနက်(၈) နာရီက မြို့နယ်ပြည်သူ့ ဆေးရုံ အစည်းအဝေးခန်းမတွင် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

တောင်ကုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ခေါင်းစဉ်ဖြင့် အသိပညာပေးTalk Showဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲကို ယနေ့ မွန်းတည့် ၁၂ အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပထမအကြိမ် ဌာနဆိုင်ရာပေါင်းစုံ စုပေါင်း၍ မြန်မာ့ရိုးရာ ထမနဲ ထိုးပြိုင်ပွဲ ပြုလုပ်ကျင်းပ

တပို့တွဲလတွင် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံပွဲတော်တစ်ခုဖြစ်သည့် ထမနဲထိုးပြိုင်ပွဲများကို ရှေးအစဉ်အလာ မပျက် ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်အစိုးအရအဖွဲ့က ကြီးမှူးကျင်းပသည့် ပထမအကြိမ် ဝန်ကြီးဌာနအလိုက် ဌာနဆိုင်ရာပေါင်းစုံ စုပေါင်း ထမနဲထိုး ပြိုင်ပွဲကို ယမန်နေ့ ညနေ ၃နာရီက အဆိုပါ အစိုးရအဖွဲ့ရုံးဝင်းအတွင်း၌ ပြုလုပ် ကျင်းပခဲ့သည်။

ဟိုပန်၌ အိုမီခရွန် အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးရေးများ ​​ပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်မြောက်ပိုင်း "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဟိုပန်မြို့နယ်တွင် အိုမီခရွန် အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုးများအား ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရောဂါကာကွယ်ရေးလမ်းညွှန်ချက်၊ စည်းကမ်းချက်များကို​ ဟိုပန်မြို့ပေါ်ရှိ ရုံးကုန်းရပ်ကွက်နှင့် ရွှေဝါကျေးရွာများသို့ သွားရောက်၍ အသိပညာပေးရေးများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝေါမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ဗီဇမျိုးကွဲအိုမီခရွန် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ဗီဇမျိုးကွဲ အိုမီခရွန် ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့၊ နံနက် ၁၀ နာရီက မြို့နယ်ခန်းမတွင် ကျင်းပသည်။

ထားဝယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်လူစည်ကားသော နေရာများတွင် အသိပညာပေး လုပ်ငန်းများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါပိုး မျိုးရိုးဗီဇအသစ် အိုမီခရွန် ကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက ထားဝယ်မြို့ရှိ လူစည်ကားသောနေရာများတွင် ထားဝယ်မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ များက အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အိမ်မဲမြို့နယ် Community Centre ခန်းမတွင် မသန်စွမ်းသူများဆိုင်ရာအသိပညာပေး Talk Show ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး Talk Show ကို ဖေဖော်ဝါရီလ ၁၅ ရက်မွန်းလွဲ ၂ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာပေအကျိုးကျေးဇူး (Talk Show) ဆွေးနွေးပွဲပြုလုပ်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းအချိန်က စာပေအကျိုးကျေးဇူး (Talk Show) ဆွေးနွေးပွဲပြုလုပ် ခဲ့ကြောင်း သိရသည်။
Subscribe to