ရေနံချောင်း ဖေဖော်ဝါရီ ၁၅
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးအနေဖြင့်"လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုစာရင်း နှင့် ကိုင်ဆောင်သင့်သည့်နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်အတွင်းကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်(၉) နာရီ အချိန်ကရေနံချောင်းမြို့၊ ပင်းဝကျေးရွာအုပ်စု၊ ရွာသစ်ကြီးကျေးရွာ၌ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ရာ တွင်မြို့နယ်ဦးစီးမှူးဦးတင်အောင်ကျော် ကြီးကြပ်၍ လဝကမှူး ဦးအောင်ချမ်းငြိမ်း ဦးဆောင်သောဝန်ထမ်း(၄)ဦးက ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်မှုတွင် ရွာသစ်ကြီးကျေးရွာရှိ နိုင်၃(က)ဆောင်ရွက်သူ(၂၁)ဦး၊ နိုင် ၆ (က)ဆောင်ရွက်သူ (၁၄)ဦး ၊ လဲလှယ်သူ (၉) ဦး ၊စုစုပေါင်း(၄၄)ဦးအတွက် ဆောင်ရွက်ပေးနိုင် ခဲ့ကြောင်းနှင့်အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် ရွှေပျိုးခင်းပရဟိတအသင်းမှ လူငယ်မောင်မယ်များက ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။
ငြိမ်းငြိမ်းအိ