လက်ပံတန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြို့နယ်ပြန်/ဆက် ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်

လက်ပံတန်း  ဖေဖော်ဝါရီ ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန   (Community Centre) ခန်းမ၌ မြို့နယ်ပြန်/ ဆက်ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နေလယ် ၁နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက ဝန်ထမ်းများ၏ အရည်အသွေး တိုးတက်မြင့်မားစေရန်နှင့်​ စည်းလုံးမှုရှိစေရန်အတွက် ယုံကြည်ချက် ခံယူချက် ခိုင်မာစေရန်နှင့် အုပ်ချုပ်မှုဆိုင်ရာ အရည်အသွေးမြင့်မားစေရန်  ရည်ရွယ်၍ ဝန်ထမ်းများ စာဖတ်ဝိုင်း ဆွေးနွေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဝန်ထမ်းများက  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ဝန်ထမ်းကျင့်ဝတ်စာအုပ်မှ ဝန်ထမ်းများ လိုက်နာရမည့်တာဝန်များ၊ အလုပ်ချိန်နှင့် သက်ဆိုင်သည့် စည်းကမ်းများ၊ တာဝန်ထမ်းဆောင်မှု၊ လုပ်ရည်ကိုင်ရည်တို့နှင့် သက်ဆိုင်သည့် စည်းကမ်းများ၊ လုပ်ငန်းခွင်အတွင်း ပြုမူဆက်ဆံမှုဆိုင်ရာ စည်းကမ်းများ၊ ပါတီနိုင်ငံရေး ကင်းရှင်းရန်စည်းကမ်းများကို အလှည့်ကျ ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ဝန်ထမ်းများစာဖတ်ဝိုင်း ဆွေးနွေးပွဲကို နှစ်ပတ်လျှင် တစ်ကြိမ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်၊ပြန်/ဆက်