ဒိုက်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး ဗွီနိုင်းပိုစတာများ လိုက်လံချိတ်ဆွဲ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက ဒိုက်ဦးမြို့ ကန်တော် မင်္ဂလာလမ်းဆုံနှင့် ဒရယ်မီးတာဆုံတို့၌ *မြို့တွင်းဝင်လျှင် (၂) ကြိမ်ဆေးထိုးပြီး ကဒ်ပါရမည်။ MASK မတပ်လျှင် မြို့ထဲသို့လုံးဝဝင်ခွင့်မပေးပါ။ (၂) ကြိမ် ဆေးထိုး ပြီး ကဒ်မပါလျှင်မြို့ ထဲသို့ဝင်ခွင့်မပေးပါ။ MASK မတပ်လျှင် (၁) ဦး လျှင်ဒဏ်ငွေ (၅၀၀၀ိ/)ရိုက်ပါမည်* ဟူသော ဗွီနိုင်းပိုစတာများ လိုက်လံချိတ်ဆွဲ ခဲ့သည်။

ကျိုက်မရောမြို့ ကိုးနဝင်းစေတီတော်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အောင်ပွဲ တပို့တွဲလ​ပြည့်နေ့၌ ဆွမ်းလောင်းလှူသူများဖြင့် အထူးစည်ကားလျက်ရှိ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့၏ အတ္ထရံမြစ်ကမ်းနားရှိ ဆုတောင်းပြည့်စေတီတော်မြတ်၏ ဗုဒ္ဓပူဇနိယ ပွဲတော်အောင်ပွဲအဖြစ် ဆွမ်းလောင်းလှူပွဲ အခမ်းအနားကို တပို့တွဲလပြည့်နေ့ နံနက် ၉ နာရီက ကိုးနဝင်း စေတီတော်ဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရေးမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးဗီဇကွဲ အိုမီခရွန်​ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာ​ပေး လှည့်လည်နှိုး​ဆော်

မွန်ပြည်နယ်၊ ​ရေးမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါ အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ်ပြန်ကြား​​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ  ဝန်ထမ်း များက ယ​နေ့ ​​နေ့လယ်ပိုင်းက မြို့​ပေါ်ရပ်ကွက်များအတွင်း လူစည်ကားရာ​နေများ၌ အသိပညာ​ပေး လှည့်လည်နှိုးဆော်​ပေးလျက်ရှိ​ကြောင်း သိရသည်။

မုဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာအောင်သင်း၏ "ရည်မှန်းချက်နှင့် ပြသာနာအထွေထွေ" စာအုပ်ဖြင့်စာဖတ်ဝိုင်း ကျင်းပပြုလုပ်

မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၁၀ နာရီက စာရေးဆရာ အောင်သင်း၏ ရည်မှန်းချက်နှင့် ပြဿနာအထွေထွေစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်  Community Centre ခန်းမတွင်  လယ်ယာမြေစီမံခန့်ခွဲရေး အသိပညာပေး  (Talk Show)ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့  ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင်  လယ်ယာမြေစီမံခန့်ခွဲရေး အသိပညာပေး  (Talk Show)ဆွေးနွေးပွဲ ကို ယနေ့နံနက် ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်(၄)ရပ်ကွက်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော်ဝင်း အတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်းတွင် ယနေ့နံနက် (၀၉:၀၀) နာရီ အချိန်တွင် ကိုဗစ်၁၉ရောဂါကာကွယ်ဆေးကို ဒုတိယအကြိမ်(COVISHIELD) ကာကွယ်ဆေးထိုးနှံသူ ရပ်ကွက်(၄)ရပ်ကွက်မှ ကျား(၁၀၇)ဦးနှင့် မ(၁၉၀)ဦး စုစုပေါင်း (၂၉၇)ဦး အားထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ရေးမြို့နယ်တွင် မြို့နယ်သံဃနာယကအဖွဲ့ဝင်များ အနားယူခြင်း၊ အစားထိုးရွေးချယ်ခြင်း အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်တွင် မြို့နယ်သံဃနာယကအဖွဲ့ဝင်များအနားယူခြင်း၊ အစားထိုးရွေးချယ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ရန်မျိုးအောင်ရပ်ကွက်၊ မရမ်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ အန္တရာယ်ကင်းဝေးစေရန် မိုဘိုင်းစနစ်ဖြင့် Booster Dose ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ အန္တရာယ် ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အထောက်အကူပြု စေရန်အတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်နှင့် ရှောက်တောကျေးရွာရှိ ဒေသခံပြည်သူများကို မိုဘိုင်းစနစ်ဖြင့် Booster Dose ကာကွယ်ဆေး ကွင်းဆင်းထိုးနှံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to