ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ကျိုက်လတ်မြို့နယ်တွင် မူးယစ်‌ဆေးဝါးအန္တရာယ် တားဆီးကာကွယ်‌ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နံရံကပ် ပြဘုတ်တွင် လူငယ်လူရွယ်များ မူးယစ်ဆေးဝါးအန္တရာယ်ကိုသိရှိနိုင်စေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ ယနေ့ နံနက် (၁၁)နာရီက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင် ပြသခြင်း ဆောင်ရွက်ခဲ့ သည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပ

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများမှ နိုင်ငံဝန်ထမ်း ကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုး စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်း (၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်္ဂပူမြို့ သမိုင်းဝင်ရွှေဆံတော် စေတီတော်မြတ်ကြီး၏ ထီးတော်၊ ငှက်မြတ်နား တော်၊ စိန်ဖူးတော်တင်လှူပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့တို့မှ ကြီးမှူးပြီး သမိုင်းဝင်ရွှေဆံတော် စေတီတော်မြတ်ကြီး၏ ထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တင်လှူပွဲနှင့် ခေါင်းလောင်းတော်၊ ထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်၊ ပိန္နဲတိုင်ပြုပြင် မွမ်းမံပြင်ဆင်တင်လှူခြင်း၊ စေတီတော်မြတ်ကြီးအားလုံး တော်ပြည့်ရွှေဆေးသက္ကန်းကပ်လှူခြင်း၊ နဝကမ္မကပ် လှူခြင်း၊ နေ့ဆွမ်း၊ နေ့အချို ကပ်လှူခြင်း ရေစက်ချ အခမ်းအနားကို ယနေ့ နံနက် (၆) နာရီအချိန်တွင် သမိုင်းဝင်ရွှေဆံတော် စေတီတော်မြတ်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။    အဆိုပါ ထီးတော်တင်လှူပွဲတွင် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ပန်းခြင်း နတ်မင်းကြီး(၄)ပါးတို့က ရွှေဆံတော်စေတီတော်မြတ်ကြီးအား လက်ျာရစ် လှည့်လည် ပူဇော်ပြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်း+ ဒေါ်ခတ္တာထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး + ဒေါ်သန္တာဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး သန်းအောင်နှင့် ဇနီး၊ အဖွဲ့ဝင် ဗိုလ်မှူး ထွန်းလင်းဇော်နှင့် ဇနီးတို့က စိန်ဖူးတော်အား ပင့်ဆောင်ပူဇော်ပြီး ငှက်မြတ် နားတော်အား ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသီဟနှင့် ဇနီး၊ အဖွဲ့ဝင်များက ပင့်ဆောင်ပူဇော်၍ ပန်းခြင်းနတ်မင်းကြီး ၄ ပါးတို့အား ဌာနဆိုင်ရာအကြီးအကဲ များနှင့် အလှူရှင်များက ပင့်ဆောင်ပူဇော်ကြသည်။

မိုင်းတုံမြို့ ဝမ်နားကျေးရွာတွင် (၃၁)ကြိမ်မြောက် အသံမစဲ အဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲပိတ်ပွဲ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ဝမ်နားကျေးရွာရှိဦးအောင်ဇေယျဘုန်းကြီးကျောင်း၌(၃၁) ကြိမ်မြောက် အသံမစဲ အဘိဓမ္မာ (၇) ကျမ်း ရွတ်ဖတ်ပူဇော်ပွဲပိတ်ပွဲကို ယနေ့ နံနက် (၁၀း၀၀)နာရီက ကျင်းပ ပြုလုပ် ခဲ့ကြောင်းသိရသည်။

နမ့်စန်တွင် မြို့မဈေးမီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြို့မစည်ပင်သာယာဈေး မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးတို့အတွက် မြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့ ပူးပေါင်း၍ မီးငြှိမ်းသတ်ခြင်းနှင့်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်သရုပ်ပြလေ့ကျင့် ခြင်းကို ယနေ့နံနက် ၁၁ နာရီက အဆိုပါ မြို့မစည်ပင်သာယာဈေးကြီးရှေ့တွင် ဆောင်ရွက်ခဲ့သည်။

ဘောဂလိမြို့ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ကရင်ပြည်နယ်၊ ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ တွင် ယနေ့နံနက်ပိုင်းက စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး စာရေးဆရာမခင်စောတင့် ရေးသားသည့် “ဆုံးဖြတ်ဖို့ခက်ခဲ‌နေမယ်ဆိုရင်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

ထားဝယ်မြို့တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု သင်တန်းဆင်းပွဲကျင်းပ

ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ထားဝယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှကြီးမှူး၍ အသက်မွေးကြောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု သင်တန်း ဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ကျောက်ရပ်ကျေးရွာ၊ ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်ဖြူမြို့တွင် ကျန်းမာရေးဌာနမှ ဝန်ထမ်းမိသားစုဝင်များအား ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးနှံ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ကျန်းမာရေးဌာနမှ ဝန်ထမ်းမိသားစုဝင်များအား ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီက ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီး၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၁၅ )ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲလှူဒါန်းပွဲနှင့် ထမနဲ ဆွမ်းတော်ကြီးဆက်ကပ်

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှကြီးမှူး၍ ရွှေတိဂုံစေတီတော်၊ (၁၅)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲလှူဒါန်းခြင်း၊ ဆွမ်းတော်ကြီး ဆက်ကပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၅ နာရီခွဲတွင် ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များ၊ စည်းကမ်းချက်များ နှင့်အညီ ကျင်းပခဲ့ရာ စေတီတော်ကြီး ၏ ကုသိုလ်တော်ကိစ္စအဝဝ၊ တာဝန်များကို ဆောင်ရွက်နေကြသော ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများတက်ရောက် ခဲ့ကြ သည်။
Subscribe to