စလင်း ဖေဖော်ဝါရီ ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ သရက်ချဉ်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သရက်ချဉ်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးတင်အေးနှင့် ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူကလေးများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကွင်းဆင်းဆောင်ရွက် ပေးနေမှုအခြေအနေများကို ကျေးရွာအုပ်ချုပ် ရေးမှူး ဦးဆန်းသူထွေး၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ဆရာ၊ ဆရာမများက ကွင်းဆင်းကြည့်ရှု့ကြပြီး လိုအပ်သည်များကို ပေါင်းစပ် ကူညီဆောင်ရွက် ပေးခဲ့ကြသည်။ ထို့နောက် ကျောင်းသား/သူများအား ပန်းခင်းစီမံချက်ဖြင့် အသက်(၁၆)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်နေမှုအခြေ အနေများနှင့် ပတ်သက်၍ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးတင်အေးက ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အသက်(၁၆)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူ(၁၁၉)ဦးအား ပန်းခင်းစီမံချက်ဖြင့် အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မောင်လွင်(စလင်း)