ညောင်တုန်း ဖေဖော်ဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ သဇင်ရေကျော်ကျေးရွာအုပ်စု၊ အသင်းစုကျေးရွာ၊ ရန်ကုန်-ပုသိမ် ကားလမ်းဘေးရှိ ဆည်မြောင်း ဦးစီးဌာနမှ ဖောက်လုပ်ထားရှိသော အမှတ်(၂)နှင့် အမှတ် (၃)ရေမြောင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကြည်ဆွေလုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား လိုက်လံရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သောင်တန်းကျေးရွာ ဗိုလ်မြတ်ထွန်းတံတား အောက်ရှိ ငရုတ်စိုက်တောင်သူ ဦးအုန်းစန်း၏ စိုက်ပျိုးထားသော ငရုတ်စိုက်ခင်း (၅)ဧကသို့ ရောက်ရှိကြည့်ရှုခဲ့ရာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိန်မောင်မြင့်က ငရုတ် စိုက်ပျိုးမှု အခြေအနေများအား လိုက်လံရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)