လှိုင်းဘွဲ ဖေဖော်ဝါရီ ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့(ဃ)ရပ်ကွက်အတွင်းရှိ မင်္ဂလာလမ်းအား ကွန်ကရစ်လမ်းခင်း ခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါလမ်းအား ၂၀၂၁-၂၀၂၂ ခုနှစ်၊ မီနီဘတ်ဂျက်၌ မြို့နယ်စည်ပင်သာယာရေး အဖွဲ့၏ ငွေလုံး၊ ငွေရင်း လုပ်ငန်းများအဖြင့် အရှည် ၈၀၃ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆လက်မရှိသည့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအတွက် ခွင့်ပြုရန်ပုံငွေ ကျပ်(၂၀ ဒဿမ၄၀၀)သန်းဖြင့် ဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့်နီပါး ပြီးစီးတော့မည် ဖြစ်ကြောင်း သိရှိရသည်။
လင်းသန့်(ပြန်/ဆက်)