မင်းဘူး ဖေဖော်ဝါရီ ၁၅
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးရွာများသို့ အိုမီခရွန်ရောဂါပိုးသည် ကူးစက်နှုန်းလျင်မြန်သော ရောဂါပိုးတစ်မျိုးဖြစ်တာကြောင့် ကာကွယ်ရေးနည်းလမ်းများကို စနစ်တကျ လိုက်နာကြရန် တိုက်တွန်းနှိုးဆော်ခြင်းကို ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၉နာရီအချိန်က နှိုးဆော် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ နှိုးဆော်ရာတွင် မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါသည် မိမိတို့နိုင်ငံတွင် စတင်တွေ့ရှိလာသည့်အတွက် ကြိုတင်ကာကွယ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကာကွယ်ရေးနည်းလမ်းများနှင့်အညီ နေထိုင်ရန်၊ အိုမီခရွန်ရောဂါသည် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းကြောင့် လက်ဦးမှုရယူကာ ကြိုတင်ကာကွယ်ထားကြရန်နှင့် ကာကွယ်ဆေးများ ထိုးနှံခြင်းကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံမှုရှိစေရန် ပြည်သူများအနေဖြင့် မပျက်မကွက် အကြိမ်ရေပြည့်မီစွာ ထိုးနှံကြပါရန် မြို့နယ်အတွင်းရှိရပ်ကွက်များမှ နန်းတော်ကုန်းကျေးရွာအရောက် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)