ကျောက်တော်မြို့၌ ဇီဝိတ ပရဟိတသွေးလှူရှင်များ အသင်းရုံးသစ်မြေသန့် ပန္နက်ရိုက် မင်္ဂလာအခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၌ မြို့သူ / မြို့သားများ စေတနာရှင်အလှူရှင်များမှ ထည့်ဝင်လှူဒါန်းငွေဖြင့် တည်ဆောက်မည့် ဇီဝိတ ပရဟိတသွေးလှူရှင်များ အသင်းရုံး မြေသန့်ပန္နက်ရိုက် မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါရုံးသစ် ဆောက်လုပ်မည့် မြေနေရာ အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ငူမြို့၌ ကိုဗစ်- ၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်တောင်ငူမြို့နယ်အတွင်း ကိုဗစ် ၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာအချက်များကို ယနေ့နံနက်ပိုင်းက တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

သံဖြူဇရပ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး ဟောပြောပွဲ အခြေခံပညာ အထက်တန်းကျောင်းများတွင်ပြုလုပ်

အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအကြောင်း အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ကျိုက္ခမီ အ.ထ.က နှင့် နှစ်ကိုင်းကျေးရွာ အ.ထ.ကကျောင်းများတွင် ပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့ အေးမြကြည်လင်ရပ်ကွက်၌ အိမ်ထောင်စု(၁၂၂၂)စုအကျိုးပြုမည့် လမ်း(၄)လမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးအတွက် အေးမြကြည်လင်ရပ်ကွက်၌ အိမ်ထောင်စု (၁၂၂၂)စု အကျိုးပြုမည့် လမ်း(၄)လမ်းအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ဒိုက်ဦးမြို့နယ်၌ (၅၇)ကြိမ်မြောက် ပရိယတ္တိသာသနနုဂ္ဂဟ စာမေးပွဲအောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းပ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၌ ယနေ့နံနက်ပိုင်းက ကန်ဦးကျောင်းတိုက် ဓမ္မာရုံ၌ သုဓမ္မာနိကာယမြို့မဂိုဏ်း နာယကဆရာတော်ကြီးများကြီးမှူးကျင်းပသော ( ၅၇ )ကြိမ်မြောက် ပရိယတ္တိသာသနနုဂ္ဂဟစာမေးပွဲအောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ် လှူဒါန်းပွဲ ကျင်းပပြုလုပ်သည်။

ငါးသိုင်းချောင်းမြို့၌ (၂၀၂၂-၂၀၂၃)ခု၊ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ (ဒုတိယအကြိမ်)ဈေးပြိုင်စနစ်ဖြင့် လေလံတင် ရောင်းချပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်း‌ချောင်းမြို့၊စည်ပင်သာယာရေးကော်မတီ (၂၀၂၂-၂၀၂၃)ခု၊ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ် အခွင့်အရေးလိုင်စင်များအား (ဒုတိယအကြိမ်) လေလံတင်ရောင်းချပွဲကို ယနေ့နံနက်ပိုင်းက မြို့စည်ပင်သာယာရေးအဖွဲ့ရုံးခန်းမ၌ ကျင်းခဲ့ ကြောင်းသိရသည်။

မုဒုံမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ရောဂါပိုးကြိုတင် ကာကွယ်ရေးဆိုင်ရာ အချက်များအား မွန် / မြန်မာ နှစ်ဘာသာဖြင့် အသိပေးလိုက်လံ နှိုးဆော်

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ရပ်ကွက်/ကျေးရွာများအရောက် မွန် / မြန်မာနှစ်ဘာသာဖြင့် အသိပညာပေး လိုက်လံနှိုးဆော်သည်။

ဥတ္တရခရိုင်အတွင်း၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရခရိုင်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ အချက်များကို ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ယနေ့ နံနက်ပိုင်းက ဥတ္တရခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ငပလီမြို့ ပြည်သူ့စာကြည့်တိုက်တွင် “သင့်ဘဝအောင်မြင်ရေး လှေကားထစ်များ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင် စာရေးဆရာ သုတေသီ ဘုန်းမြင့်သွေးရေးသားသည့် သင့်ဘဝအောင်မြင်ရေး ​လှေကားထစ်များ စာအုပ်ဖြင့် ယနေ့ နံနက်ပိုင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ဟိုပုံးမြို့ မြို့မဈေးတွင်  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ မြို့မဈေးတွင် မတော်တဆ မီးလောင်မှု မရှိစေရေးအတွက် ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက် လေ့ကျင့်ခဲ့ကြသည်။
Subscribe to