ငပု​တောမြို့နယ် ဟင်းအိုး​ချောင်း​ကျေးရွာအုပ်စု၊ ​ရေငံ-သရက်ကုန်း​ကျေးရွာတွင် Mask Campaign ပြုလုပ်

ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်၊ ဟင်းအိုး​ချောင်း​ကျေးရွာတွင် ယမန်​နေ့ ညနေ ၄ နာရီအချိန်ခန့်က ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို ယမန်​နေ့ ည​နေ ၄ နာရီအချိန်က ဟင်းအိုး​ချောင်း​ကျေးရွာအတွင်း​ဒေသခံလမ်းသွား လမ်းလာပြည်သူများနှင့် လူစည်ကားရာ ​နေရာဖြစ်​သော ​စျေးပွဲ​တော်ပြုလုပ်​နေသည့်​ ​ရေငံ-သရက်ကုန်း​ကျေးရွာ အ​ခြေခံပညာအထက်တန်း​ကျောင်း(ခွဲ)​ကျောင်းဝန်း အတွင်းတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဌာနဆိုင်ရာများ စုပေါင်း၍ အပတ်ဉ် စနေနေ့တိုင်း နေ့ဆွမ်းသွားရောက် ကပ်လှူခြင်း

မိုင်းနောင်မြို့၊ လုံယန်းကျေးရွာအုပ်စုရှိ သီရိမင်္ဂလာ ဆိုင်ခေး ဘုန်းတော်ကြီးကျောင်းရှိ သံဃာနှင့်ရှင်သာမဏေများအား ဌာနဆိုင်ရာများ စုပေါင်း၍ အပတ်စဉ် စနေနေ့တိုင်း နေ့ဆွမ်း ဆက်ကပ်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က သွားရောက် ကပ်လှူခဲ့ကြောင်း သိရသည်။

လွိုင်လင်မြို့၌ ပါးစပ်နှာခေါင်းစည်းအခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၌ ပါးစပ်နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်း (Mask Campaign) ကို ယနေ့ နံနက် ၈ နာရီက မြို့မဈေးကြီးရှေ့ နာရီစင်တွင် ပြုလုပ် ကြောင်း သိရသည်။

သဲကုန်းမြို့မ စည်ပင်သာယာဈေးတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူထုလှုပ်ရှားမှု Mask Campaign ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ဗီဇပြောင်း အိုမီခရွန် ကြိုတင် ကာကွယ် ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေး ပညာပေးလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် ၇ နာရီခွဲက သဲကုန်းမြို့မ စည်ပင်သာယာဈေးတွင် ပြုလုပ်ခဲ့သည်။

တောင်သူလယ်သမားနေ့ အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာ၌ မတ်လ၂ ရက်‌နေ့တွင် ကျင်းပပြု လုပ်မည့် တောင်သူလယ်သမားနေ့ အခမ်းအနားတွင် ပြသရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသည့် သီးပင်စားပင်များ၊ သစ်ပင်ပန်းမန်များနှင့် အခမ်းအနား ပြုလုပ်မည့်နေရာတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်းက လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ကျိုက်လတ်မြို့၌ နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း Omicron(အိုမီခရွန်) ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၈နာရီတွင် အမှတ်(၃)ရပ်ကွက်၊ ၇ လမ်း၊ မီးပွိုင့်ထိပ်နှင့် အမှတ်(၅) ရပ်ကွက်(၁၉)လမ်းထိပ်တို့တွင် ပြုလုပ်ခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်၌ သရက်သီးကင်းရောင်းချသူများ ပေါ်ဦးပေါ်ဖျား ဈေးကောင်းရရှိ

မကွေးလေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် သရက်သီးကင်းများ စတင်အသီးသီးချိန်တွင် ပေါ်ဦးပေါ်ဖျား သရက်သီးကင်း ရောင်းချသူများ ရောင်းအားကောင်းမွန်ပြီး ဈေးကောင်းရရှိ၍ နေ့စဉ် မိသားစု ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ငပု​တောမြို့နယ် ၊ ဟင်းအိုး​ချောင်း​ကျေးရွာအုပ်စု ၊ ​ရေငံ-သရက်ကုန်း အထက(ခွဲ) ကျောင်း၌ ဆုပေးပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်း​ဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ငပု​တောမြို့နယ် ၊ ဟင်းအိုး​ချောင်း​ကျေးရွာအုပ်စု၊ ရေငံ သရက်ကုန်း အ.ထ.က(ခွဲ)​ သံလွင်​ဆောင်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသည့် ​ကျောင်းသား၊​ ကျောင်းသူများအား ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီ မိနစ်(၃၀)အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့များမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်သည် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်) မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ဆင်ပေါင်ဝဲမြို့နယ်၊ ငန်းပြားကျေးရွာ အုပ်စု၊ ထူးပေါက်ကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအုပ်စုအုပ်ချုပ်‌ရေးမှူးများ၊ အထောက်အကူပြု ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ရာအိမ်မှူး ဆယ်အိမ်မှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က ဆေးဝါးများ၊ ကျန်းမာရေးသုံးပစ္စည်းများနှင့် အလှုငွေများ ပေးအပ်လှုဒါန်း

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့က ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိလာကာ ကိုဗစ်-၁၉ရောဂါကုသဆေး၊ ကာကွယ်ရေးသုံး ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်ခဲ့ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အေးနိုင်က လက်ခံရယူခဲ့သည်။
Subscribe to