ပွင့်ဖြူမြို့နယ်၌ သရက်သီးကင်းရောင်းချသူများ ပေါ်ဦးပေါ်ဖျား ဈေးကောင်းရရှိ

ပွင့်ဖြူ ဖေဖော်ဝါရီ  ၂၀

မကွေးလေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် သရက်သီးကင်းများ စတင်အသီးသီးချိန်တွင် ပေါ်ဦးပေါ်ဖျား သရက်သီးကင်း ရောင်းချသူများ ရောင်းအားကောင်းမွန်ပြီး ဈေးကောင်းရရှိ၍ နေ့စဉ် မိသားစု ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

“သရက်သီးကင်းက ပေါ်ဦးပေါဖျားဆိုတော့ သရက်သီးကင်းတွေကို တို့စရာအဖြစ် ဒေသခံပြည်သူတွေက ဝယ်ယူစားသုံးကြတော့ ရောင်းအားကောင်းပါတယ်။ သရက်သီးကင်း ကလည်း ခုမှစပြီးအသီး သီးတဲ့အချိန်ဆိုတော့ ဈေးကလည်း ကောင်းတယ်။ အလုံးအကြီး/အသေးပေါ် မူတည်ပြီး တစ်လုံးကို ငွေကျပ် ၁၀၀ မှ ၁၅၀ ခန့် ရောင်းချရပါတယ်။ ခုချိန်က သရက်သီးကင်း ရောင်းတဲ့လုပ်ငန်းက မိသားစုအတွက် နေ့စဉ် ဝင်ငွေရရှိလို့ လုပ်ငန်း အဆင်ပြေပါတယ် ဟု ပွင့်ဖြူမြို့မ စည်ပင်သာယာဈေး အတွင်းရှိ သရက်သီးကင်း လာရောက် ရောင်းချသည့် ဈေးသည်အမျိုးသမီးတစ်ဦးက ပြောသည်။

သရက်သီးနှံစိုက်ပျိုးရေး လုပ်ငန်းသည် ပူအိုက်စွတ်စိုသော ရာသီဥတုကို ကြိုက်နှစ်သက်ကာ  သရက်ပင်ကို မြေသားထုထူသော မြေတွင် စိုက်ပျိုးနိုင်သည်။ သရက်ပင်ကို စိုက်ပျိုးရာတွင် ‌အစေ့ချစိုက်ပျိုးနည်းနှင့် အပင်ပျိုးထောင်၍ စိုက်ပျိုးနည်းဟူ၍ စိုက်ပျိုးကြပြီး အပင်ပျိုးထောင်၍ စိုက်ပျိုးပါက ပျိုးပင်တစ်နှစ်သားအရွယ်တွင် ရွှေ့ပြောင်းစိုက်ပျိုးနိုင်ပြီး  စိုက်ပျိုးပြီး သုံးနှစ်ရှိပါက အသီးများစတင်သီးကာ ပိုမိုဖြစ်ထွန်းအောင်မြင်စေရန် မြေဩဇာကို  စိုက်ပျိုးသည့်အချိန်မှစ၍ စနစ်တကျ ထည့်သွင်းခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးသင့်သည်။ သရက်သီးနှံသည် သရက်ကင်း၊ သရက်ချဉ်၊ သရက်သီးမှည့် ဟူ၍ ရောင်းချရသဖြင့် သရက်သီးနှံစိုက်ပျိုးရေး လုပ်ငန်းသည် သီးနှံဝင်ငွေ တွက်ချေကိုက်သည့် သီးနှံဖြစ်၍  နှစ်ရှည်သီးနှံများထဲတွင်  လုပ်ငန်းအဆင်ပြေ လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ သရက်သီးနှံ စိုက်ပျိုးတောင်သူများထံမှ သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)