သဲကုန်းမြို့မ စည်ပင်သာယာဈေးတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူထုလှုပ်ရှားမှု Mask Campaign ပြုလုပ်

သဲကုန်း ဖေဖော်ဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ဗီဇပြောင်း အိုမီခရွန် ကြိုတင် ကာကွယ် ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေး ပညာပေးလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် ၇ နာရီခွဲက သဲကုန်းမြို့မ စည်ပင်သာယာဈေးတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ပြည်သူများ နှာခေါင်းစည်းတပ်ဆင်ရေး ပညာပေး Mask Campaign ပြုလုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က သဲကုန်းမြို့မ စည်ပင်သာယာဈေးရှိ ဈေးရောင်းဈေးဝယ် ပြည်သူများကို မြို့နယ်အတွင်း ကိုဗစ်-၁၉ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ပြီးမှသာ ဈေးရောင်း ဈေးဝယ် ပြုလုပ်ကြစေလိုကြောင်း၊ တတ်နိုင်သမျှ လူစုလူဝေးရှိသော နေရာများသို့ သွားလာခြင်းအား ရှောင်ကြဉ်ကြရန်၊ အရာဝတ္ထုတစ်ခုခု ကိုင်တွယ်ပြီးချိန်တိုင်း လက်ကိုဆပ်ပြာနှင့် စနစ်တကျ ဆေးကြောရန်၊ လက်မဆေးခြင်းမပြုမီ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ခြင်း၊ ထိတွေ့ခြင်းမပြုလုပ်ရန်၊ အပြင်မှ ပြန်လာသည့်အခါ နှာခေါင်းစည်းကို စနစ်တကျ စွန့်ပစ်ရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွါခွါနေထိုင်ကြရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုအး အကြိမ်ပြည့် မပျက်မကွက် ထိုးနှံမှုအား ခံယူကြရန်စသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အချက်များကို အသိပညာပေး ဆွေးနွေးပြောကြားပြီး ပါးစပ် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)