ငပု​တောမြို့နယ် ဟင်းအိုး​ချောင်း​ကျေးရွာအုပ်စု၊ ​ရေငံ-သရက်ကုန်း​ကျေးရွာတွင် Mask Campaign ပြုလုပ်

ငပု​တော  ​ဖေ​ဖော်ဝါရီ    ၂၀

ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်၊ ဟင်းအိုး​ချောင်း​ကျေးရွာတွင် ယမန်​နေ့ ညနေ ၄ နာရီအချိန်ခန့်က ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို ယမန်​နေ့ ည​နေ ၄ နာရီအချိန်က ဟင်းအိုး​ချောင်း​ကျေးရွာအတွင်း​ဒေသခံလမ်းသွား လမ်းလာပြည်သူများနှင့် လူစည်ကားရာ ​နေရာဖြစ်​သော ​စျေးပွဲ​တော်ပြုလုပ်​နေသည့်​ ​ရေငံ-သရက်ကုန်း​ကျေးရွာ အ​ခြေခံပညာအထက်တန်း​ကျောင်း(ခွဲ)​ကျောင်းဝန်း အတွင်းတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ Mask Campaign ပြုလုပ် ဆောင်ရွက်ရာတွင် ​ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မန်းကျော်သက်နှင့် အဖွဲ့ဝင်များ၊ ပြည်သူများ ပူးပေါင်းကာ ​ဒေသခံ​ ကျေးလက်​နေပြည်သူများကို မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုများ ရှိနေသည့်အတွက် နေအိမ်ပြင်ပသို့ သွားလာရာတွင် ပါးစပ်၊ နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ပြီးမှ သွားလာကြရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို မဖြစ်မနေ ထိုးနှံကြရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များကို အသိပညာပေး ပြောကြားခဲ့ကြောင်းနှင့် နှာခေါင်းစည်း(mask) တပ်ဆင်ခြင်းမရှိပဲ နေအိမ်ပြင်ပ ထွက်ခွာသူ ပြည်သူများကို နှာခေါင်းစည်း(mask)များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

Mask Campaign ပြုလုပ်ဆောင်ရွက်ရာတွင် ဖြန့်ဝေသော Mask များအား စေတနာရှင် ပြည်သူများနှင့်​ ဟင်းအိုး​ချောင်း​ကျေးရွာ ကြက်ခြေနီအသင်း  တပ်ဖွဲ့ဝင်တို့မှ ပူးပေါင်းလှူဒါန်းမှုဖြင့် Mask အ​ရေအတွက် (၅၀၀)ကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)