ငပု​တောမြို့နယ် ၊ ဟင်းအိုး​ချောင်း​ကျေးရွာအုပ်စု ၊ ​ရေငံ-သရက်ကုန်း အထက(ခွဲ) ကျောင်း၌ ဆုပေးပွဲ အခမ်းအနားကျင်းပ

ငပု​တော ဖေ​ဖော်ဝါရီ  ၂၀

ဧရာဝတီတိုင်း​ဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ငပု​တောမြို့နယ် ၊ ဟင်းအိုး​ချောင်း​ကျေးရွာအုပ်စု၊ ရေငံ သရက်ကုန်း အ.ထ.က(ခွဲ)​ သံလွင်​ဆောင်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသည့် ​ကျောင်းသား၊​ ကျောင်းသူများအား ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီ မိနစ်(၃၀)အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ​ကျောင်းအုပ်ဆရာမကြီး  ​ဒေါ်​ချောစုစုဟန်က   ​အဖွင့်အမှာစကား​ ပြောကြားရာတွင် စာစီစာကုံး ပြိုင်ပွဲ ၊ ပန်းချီပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင်ဆု ရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ချီးကျူး ဂုဏ်ယူကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ဘက်စုံထူးချွန်သော အနာဂတ်လူငယ်များ သင်ကြား မွေးထုတ်ပေးစေလိုကြောင်း၊ ဆုရရှိကြသည့်ကျောင်းသား၊ ကျောင်းသူများ နည်းတူ အခြားကျောင်းသား၊ ကျောင်းသူများမှလည်း လူရည်ချွန်၊ လူရည်မွန်များ ဖြစ်အောင် အတုယူသင့်ကြောင်း ​ပြောကြားပြီး​နောက် ​ကျောင်းအကျိုး​တော်​ဆောင်  ရပ်မိ၊ ရပ်ဖဖြစ်သူ မန်းမြ​ရွှေမှာ ​ကျောင်းသား ၊ ​ကျောင်းသူများအား နိုင်ငံတော်မှ အားထား ရသည့် ​လူငယ်၊ လူရွယ်များ ဖြစ်လာ​စေ​ရေးနှင့် ​ကျောင်းတွင်​ပျော်၍ စာတွင်​တော်သူများဖြစ်​အောင် ကြိုးစား ဆောင်ရွက်ကြရန် ​ပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် အားကစား ပြိုင်ပွဲများတွင် ဆုရရှိကြသည့်​ ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူခဲ့​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)