အမှတ်(၂၈)ရေတပ် အခြေစိုက်စခန်းမှ ကြက်ဥများနှင့် ဟင်းသီးဟင်းရွက် ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မိသားစုများအား ကိုဗစ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း စာဝတ်နေရေး အဆင်ပြေစေရန် ကြက်ဥများ၊ ဟင်းသီးဟင်းရွက်များကို ဈေးနှန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်းနှင့် ယမန်နေ့ နံနက်(၉)နာရီအချိန်တွင် အမှတ်(၂၈)ရေတပ် အခြေစိုက်စခန်းမှ ဗိုလ်မှူးချစ်ကိုကို ဦးဆောင်မှုဖြင့် အမှတ်(၂၈)ရေတပ် အခြေစိုက်စခန်းမှ မွေးမြူထားသော ကြက်ခြံမှထွက်ရှိသော ကြက်ဥများကို မြို့နယ်အတွင်း ဖွင့်လှစ်ထားသော တပ်တွင်းသမတွင် ကြက်ဥတစ်လုံးလျှင်(၁၁၀)နှန်းဖြင့် တစ်အိမ်ထောင်လျှင်(၁၀)လုံး ရောင်းချပေးခဲ့ပြီး ကြက်ဥစုစုပေါင်း(၅၈၅)လုံး အိမ်ထောင်စု (၅၈)စုအား ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ဖြေဆိုကျင်းပနိုင်ရေး အတွက် အကြိုလုပ်ငန်းညှိနှိုင်းဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန်နှင့် အောင်မြင်စွာ ဖြေဆိုကျင်းပနိုင်ရေးအတွက် အကြို လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မုန်းသီတာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပန်လုံမြို့၌ အသက်(၁၂)နှစ် အထက်နှင့်အသက်(၁၈)နှစ်အောက် ကလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးလျက်ရှိ

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် အသက်(၁၂)နှစ်အထက်နှင့် အသက်(၁၈)နှစ်အောက် ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Vero Cell) ကို ယမန်နေ့နံနက် ၉ နာရီ အချိန်က ပန်လုံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ပြည်သူ့ဆေးရုံစုရပ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်၊ ပိတောက်လမ်းတွင် စည်ပင်သာယာရေးအဖွဲ့မှ ကွန်ကရစ်လမ်းခင်းခြင်း စတင်ဆောင်ရွက်

ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်၊ ပိတောက်လမ်းတွင် စည်ပင်သာယာရေးအဖွဲ့မှ ကွန်ကရစ်လမ်းခင်းခြင်း စတင်ဆောင်ရွက် ပိုင်ကျုံ ဖေဖော်ဝါရီ ၂၀ စောဂျိုးဇက်ဂျူ

ကျောက်မဲမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး Mask Campaign ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အတွက် Mask Campaign ကို ယမန်နေ့နံနက်ပိုင်းက လူစည်ကားရာ နေရာများဖြစ်သည့် ဗဟိုဈေးကြီး၊ မင်္ဂလာဈေးနှင့် အခွန်လွတ်ဈေးရှိ လမ်းဆုံနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေနံချောင်းမြို့မှ အံ့သြပဘိုကြည်မောင်၏ သံဃာ့ဒါန ဆွမ်းတော်ကြီးလောင်းလှူပွဲတွင် ပါဝင်ကူညီသူများ၏ ပီတိစကားသံများ

ရေနံချောင်းမြို့မှ အံ့သြပဘိုကြည်မောင်၏ သံဃာ့ဒါန ဆွမ်းတော်ကြီးလောင်းလှူပွဲတွင် ပါဝင်ကူညီသူများ၏ ပီတိစကားသံများ ရေနံချောင်း ဖေဖော်ဝါရီ ၂၀ မြို့နယ် (ပြန်/ဆက်)

ကျောက်ပန်းတောင်းမြို့နယ် ထိုင်ဝမ်ပိန္နဲစိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်း တစ်ပိဿာ ၁၀၀၀ ကျပ် ရောင်းချရ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ထိုင်ဝမ်ပိန္နဲစိုက်ပျိုး တောင်သူများ ပိန္နဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အသီးသီးနှုန်းကောင်းမွန်ကာ ဆွတ်ခူး ရောင်းချချိန်တစ်ပိဿာ ၁၀၀၀ ကျပ် ရောင်းချရခြင်းကြောင့် ပိန္နဲစိုက်ခင်းဝင် ငွေတွက်ခြေကိုက် နေကြကြောင်း သိရသည်။

ပခုက္ကူမြို့နယ်အတွင်း လူမှုအကျိုးပြုလုပ်ငန်းများ တိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း အရပ်ဖက်လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ လူမှုအကျိုးပြု လုပ်ငန်းများ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်က ပခုက္ကူမြို့၊ တော်ဝင်နန်း ဟိုတယ်၌ ပြုလုပ်သည်။

ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာ၌ ဒေသခံပြည်သူများမှ ကွမ်းသီးစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာ၌ ဒေသခံပြည်သူများမှ ကွမ်းသီးစိုက်ပျိုး ရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။

မောတောင်မြို့အတွင်းရှိ ဈေးဆိုင်များအား ကိုဗစ်ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ရောင်းချမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ မောတောင်မြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ထိုက်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မောတောင်မြို့ ပြည်ထောင်စု(၁)လမ်းနှင့် အောင်ဇေယျလမ်းအတွင်း ဈေးရောင်းချနေသူများအား ယမန်နေ့နံနက် ၈ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချနေမှု ရှိ/မရှိကို ရှောင်တခင်စစ်ဆေး၍ အသိပညာပေး ဆောင်ရွက်ကြကြောင်း သိရသည်။
Subscribe to