ဌာနဆိုင်ရာများ စုပေါင်း၍ အပတ်ဉ် စနေနေ့တိုင်း နေ့ဆွမ်းသွားရောက် ကပ်လှူခြင်း

မိုင်းနောင် ဖေဖော်ဝါရီ ၂၀

မိုင်းနောင်မြို့၊ လုံယန်းကျေးရွာအုပ်စုရှိ သီရိမင်္ဂလာ ဆိုင်ခေး ဘုန်းတော်ကြီးကျောင်းရှိ သံဃာနှင့်ရှင်သာမဏေများအား ဌာနဆိုင်ရာများ စုပေါင်း၍ အပတ်စဉ် စနေနေ့တိုင်း နေ့ဆွမ်း ဆက်ကပ်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က သွားရောက် ကပ်လှူခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်းနှင့် ဌာနဆိုင်ရာ စုပေါင်းအဖွဲ့များသည် သံဃာတော်များနှင့် ရှင်သာမဏေများအား နေ့ဆွမ်း၊ ခဲဖွယ်များ ကပ်လှူခြင်း ဆွမ်းကွမ်း ပြတ်လပ်မှုမရှိစေရေးနှင့် အခြားလိုအပ်ချက်များရှိပါက ကူညီဖြည့်ဆည်းပေးနိုင်ရေး လျှောက်ထား ဆွေးနွေးခြင်း၊ လက်ရှိကာရံနေသော ခြံစည်းရိုး အုတ်တံတိုင်းအတွက် လိုအပ်သည်များ အသုံးပြုရန် အလှူငွေများ ထည့်ဝင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သီရိမင်္ဂလာ ဆိုင်ခေးဘုန်းတော်ကြီးကျောင်းသည် ဗုဒ္ဓဘာသာအိမ်ခြေ(၂၀)ကျော်သာရှိပြီး ကျောင်းထိုင် ဆရာတော်(၁)ပါးနှင် စာသင်သားရှင်သာမဏေ(၂၄)ပါးရှိသဖြင့် ဆွမ်း၊ ဆေး၊ စာရေးကရိယာ၊ သံဃာအသုံးအဆောင်ကိစ္စများ အဆင်ပြေစေရေးအတွက် အပတ်စဉ် သွားရောက်လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

မနန်း(မိုင်းနောင်)