ဟိုပန်မြို့၌ ဝန်ထမ်းပေါင်းစုံသမဝါယမ အသင်းလီမိတက်မှ စုဆောင်းငွေအပေါ် အတိုးထုတ်ပေးခြင်း ဆောင်ရွက်

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ ဝန်ထမ်းပေါင်းစုံသမဝါယမ အသင်းလီမိတက်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် စုဆောင်းငွေအပေါ် အတိုးထုတ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဟိုပန်ခရိုင် Community Centre ခန်းမတွင် ပြုလုပ်ရာ အသင်းဥက္ကဋ္ဌ ဦးသိန်းအောင်က အမှာစကား ပြောကြားခဲ့သည်။

ဘူးသီးတောင်မြို့နယ်၌ Quarantine ထားရှိမည့်နေရာများအား မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကူးစက်မှု တိုးပွားလာပါက ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက်စပ်သူများအား Quarantine ထားရှိမည့် နေရာများသို့ ယမန်နေ့ နံနက် (၉)နာရီခွဲအချိန်က မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောမင်းသိန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

မုဒုံမြို့နယ်တွင် အသက်(၁၈)နှစ်အထက် လူဦးရေ၏ ၆၉ ဒသမ ၁၀ ရာခိုင်နှုန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်အထက် လူဦးရေ၏ ၆၉ ဒသမ ၁၀ ရာခိုင်နှုန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးဖြစ်ကာ Phase-5 နှင့် Phase – 6 (ဒုတိယအကြိမ်) ထိုးနှံပေးခြင်းကို ဖေဖော်ဝါရီ ၁၈ ရက်နေ့က ဆက်လက်ထိုးနှံ ပေးခဲ့သည်။

မြို့နယ်အဆင့် သံဃာ့အဖွဲ့အစည်း (၂၅ ရာခိုင်နှုန်း) အနားယူခြင်း၊ အစားထိုးရွေးချယ်ခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် (၂၅) ရာခိုင်နှုန်း အနားယူခြင်း၊ အစားထိုးရွေးချယ်ခြင်း အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၉ နာရီအချိန်က အင်းတော်မြို့နယ် လယ်ပြင်ကျေးရွာအုပ်စု၊ နန့်ကင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် မြို့နယ်အဆင့် အစည်းအဝေးပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အပါအဝင် ဗီဇမျိုးကွဲသစ် အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေးအတွက်  ယနေ့ နံနက်  ၁၀  နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ အစည်းအဝေးပြုလုပ်သည်။

သိန္နီမြို့တွင် (Omicron)ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့တွင် ယမန်နေ့ နံနက် (၉)နာရီအချိန်က အိုမီခရွန် (Omicron) ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်၌ မြို့နယ်အဆင့် သံဃနာယကအဖွဲ့ဝင်များ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ သံဃာ့ဝန်ဆောင်အစည်းဝေးပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် ကုန်းကျောင်းပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် မြို့နယ်အဆင့်သံဃနာယက အဖွဲ့ဝင်များ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ သံဃာ့ဝန်ဆောင် အစည်းအဝေးပွဲပြုလုပ်ခဲ့သည်။

သာကေတမြို့နယ်၊ ၇/အနောက် ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် ၇/အနောက်ရပ်ကွက်၊ အမှတ်(၇)ဈေး၊ ဈေးရုံအမှတ် (ဃ)၌ ယနေ့နေ့လယ် ၁၂ နာရီ ၅၀ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဘားအံမြို့နယ် ကော့ကဒါကျေးရွာအုပ်စုရှိ DENKO ဓာတ်ဆီဆိုင်၌ ပေါက်ကွဲမှုဖြစ်ပွား

ကရင်ပြည်နယ် ဘားအံမြို့နယ် ကော့ကဒါကျေးရွာအုပ်စုတွင်ရှိသည့် DENKO ဓာတ်ဆီဆိုင်တွင် ယနေ့မွန်းလွဲ ၃ နာရီကျော်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဘားအံမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး အမျိုးသားဆံပင်ညှပ်သင်တန်း ဖွင့်လှစ်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကရင်ပြည်နယ်၊ ကလေးအလုပ်သမားပပျောက်ရေးကော်မတီ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီနှင့် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းကော်မတီတို့မှ ပူးပေါင်း ဖွင့်လှစ်သည့် အမျိုးသားဆံပင်ညှပ် သင်တန်းကို အစိုးရနည်းပညာ အထက်တန်းကျောင်း (ဘားအံ)တွင် ဖွင့်လှစ်သင်ကြားပေး လျက်ရှိကြောင်း သိရှိရသည်။
Subscribe to