အောင်မြင်ဖြစ်ထွန်းနေသော သီးထပ်နေကြာစိုက်ခင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့ရှိ ဒေသခံအများစုသည် လယ်ယာ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြပြီး ဖွံဖြိုးတိုးတက် လာသော ခေတ်အခြေအနေအရ မိုးစပါးများ ရိတ်သိမ်းပြီးပါက သီးထပ်အဖြစ် နေကြာဆီထွက်သီးနှံနှင့် အခြားသော ရာသီသီးနှံတို့ကို တနိုင်တပိုင်မှသည် စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်လာကြပြီဖြစ်သည်။

မင်္ဂလာဒုံမြို့နယ်ရှိ စက်ရုံများ ကိုဗစ်စည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ၊မရှိ သက်ဆိုင်ရာ တာဝန်ရှိသူများမှ လိုက်လံစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်ရှိ မှန်ဘီလူးစက်ရုံနှင့် ဇာထိုးပန်းထိုးစက်ရုံများအား ယမန်နေ့ နံနက်(၁၀)နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာမှ တာဝန်ရှိသူများက စက်ရုံအတွင်းရှိ အလုပ်သမားများကို ကိုဗစ်စည်းကမ်းနှင့်အညီ လုပ်ကိုင်ဆောင်ရွက်မှု ရှိ၊မရှိကို လိုက်လံစစ်ဆေး ခဲ့သည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ‌ချောင်းနက်ကျေးရွာရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးနေမှုအား ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယမန်နေ့ နေ့လယ်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊‌ တောင်တွင်းကြီးမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ချောင်းနက်ကျေးရွာရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်များ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နမ္မတူမြို့နယ် နားဆိုင်း၊ လွယ်ပြေး၊ နမ့်မျှော် စသည့်ကျေးရွာအုပ်စု(၃)စု အတွင်းရှိ တိုင်းရင်းသား ပြည်သူ ၃၅၄ဦးကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ခြင်းနှင့် ထပ်မံရရှိစေရေး ကွင်းဆင်း ဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဦးစီးမှူးရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ကျေးလက်နေ တိုင်းရင်းသားပြည်သူများအား နိုင်ငံသားကတ် အလွယ်တကူ ကိုင်ဆောင်ခွင့်ရရှိစေရန် ရည်ရွယ်၍ နမ္မတူမြို့နယ် နားဆိုင်း၊ လွယ်ပြေး၊ နမ့်မျှော် စသည့် ကျေးရွာအုပ်စု (၃)စုအတွင်းရှိ တိုင်းရင်းသားပြည်သူ ၃၅၄ဦးကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ခြင်းနှင့် ထပ်မံရရှိစေရေး ကွင်းဆင်း ဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီလ (၁၉)ရက်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်းခွဲ (နားဆိုင်း)၌ အခြေပြု၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။

ရွှေပြည်သာမြို့နယ်တွင် အခြေခံလူတန်းစား လက်လုပ်လက်စား အိမ်ထောင်စုများအား ဆန်ရိက္ခာများ အခမဲ့ ဖြန့်ဝေပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် အခြေခံလူတန်းစား၊ လက်လုပ်လက်စား   အိမ်ထောင်စုများအား ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)မှ ထောက်ပံ့၍ မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) မှ ဖြန့်ဝေပေးသည့် ဆန်ရိက္ခာများ အခမဲ့ဖြန့် ဝေပေးလျက်ရှိရာ ရပ်ကွက်၊ ကျေးရွာများရှိ အိမ်ထောင်စု တစ်စုလျှင် ဆန်တစ်အိတ် (၂၅)ပြည်နှုန်းဖြင့် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဆန်ဖြန့်ဝေပေးခြင်းကို ဆက်လက် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်မှ မွန်းလွဲ(၁)နာရီအချိန်အထိ အမှတ် (၁၀)ရပ်ကွက်တွင်  ကျန်းမာရေးလမ်းညွှန်ချက်များနှင့် အညီ  စုရပ်များအလိုက် ဆန်အိတ် (၃၀၄၂)အိတ်ကို လက်လုပ်လက်စား ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန်ဝေပေးခဲ့ ကြောင်းနှင့် သက်ဆိုင်ရာ  တာဝန်ရှိသူများက  လိုအပ်သော ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြ သည်။

အင်္ဂပူမြို့တွင် Clean City, Green City, Smart City ဖြစ်လာစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏  ဦးဆောင်မှုဖြင့် မြို့နယ်အား GreenCity, CleanCity ဖြစ်စေရန်အတွက် မြို့ဝင် မြို့ထွက် လမ်းမကြီးများတစ်လျှောက် သန့်ရှင်းသာယာလှပစေရန်၊ ပြည်သူများ စည်းကမ်းလိုက်နာကြရန်၊ လမ်းဘေးဝဲယာများတွင် အမှိုက်စွန့်ပစ်ခြင်း မရှိစေရန် အသိပညာပေးသည့် အ‌နေဖြင့် သန့်ရှင်းရေး‌ဆောင်ရွက်ခြင်းနှင့် စုပေါင်း အမှိုက်ကောက်ခြင်းကို ယနေ့ နံနက် ၇ နာရီတွင် အမှတ် (၁) ရပ်ကွက်၊ ချယ်ရီလမ်း  တစ်လျှောက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ဦးတည်အုပ်စုတွင် ပါဝင်သူများအား ဆဋ္ဌမအသုတ် (ဒုတိယ) အကြိမ်အဖြစ် လူဦးရေ ၃၇၇၂ ဦးကို ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးပြီးဖြစ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စုတွင် ပါဝင်သည့်သူများအား ဆဋ္ဌမအသုတ် (ဒုတိယ) အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်စုရပ် နေရာများတွင် ဆက်လက် ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

မဲဇလီကုန်းမြို့၌ နှာခေါင်းစည်းတပ်ဆင်ရေး Maskများ အခမဲ့ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် မဲဇလီကုန်းမြို့တွင်ကိုဗစ်-၁၉ဗီဇပြောင်း Omicron (အိုမီခရွန်)ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့ နံနက်တွင် မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးထိုက် ဦးဆောင်၍ နှာခေါင်းစည်း Mask များဖြန့်ဝေပေးခြင်း ပြုလုပ်ခဲ့သည်။

ရှမ်း​ပြည်နယ် အမျိုးသမီး အေရိုး​ဗစ်အသင်း အောင်နိုင်ရေးအလံပေးအပ်ပွဲနှင့် ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ပွဲကျင်းပ

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပ ပြုလုပ်သည့် ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၂၅)နှစ်အောက် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ် အေရိုးဗစ်အသင်းအား အောင်နိုင်ရေး အလံပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်ခန့်က တောင်ကြီးမြို့၊ ရှမ်းပြည်နယ် လေ့ကျင့်ရေး အားကစားရုံအတွင်း၌ ပြုလုပ်ခဲ့သည်။

မင်းပြားမြို့၌ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေး၀မ်းကျောင်းပညာ လိုအပ်ချက်တို့ကို စိစစ်စီမံခြင်း ဆွေးနွေးပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေး၀မ်းကျောင်းပညာ လိုအပ်ချက်တို့ကို စိစစ်စီမံခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က မင်းပြားမြို့နယ် ရာမောင်ခမ်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to