ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က ဆေးဝါးများ၊ ကျန်းမာရေးသုံးပစ္စည်းများနှင့် အလှုငွေများ ပေးအပ်လှုဒါန်း

ကျောင်းကုန်း ဖေဖော်ဝါရီ ၂၀

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့က  ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိလာကာ ကိုဗစ်-၁၉ရောဂါကုသဆေး၊ ကာကွယ်ရေးသုံး ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်ခဲ့ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အေးနိုင်က လက်ခံရယူခဲ့သည်။

ထို့နောက် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူထားရာ Positive Centreသို့ သွားရောက်ကြည့်ရှုပြီး၊ ကျန်းမာရေးစောင့်ရှောက်ပေးမှု အခြေအနေများ မေးမြန်း၍ အားပေးစကားပြောကြားခဲ့သည်။

ယနေ့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ကုသဆေး Molnupiravir 200mg ဗူး(၂၀)၊ PPE ကာကွယ်ရေးသုံး အစုံ(၅၀)၊ နှာခေါင်းစည်း mask(၂၅၀၀)နှင့် အလှုငွေကျပ်(၅)သိန်း ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်အစိုးရအဖွဲ့ဝင် လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး  ရဲမှူးကြီး တင်ဇော်ထွန်း၊ တိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဇော်မင်းထွန်း၊ တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ အတွင်းရေး ဦးဝေဇင်ထွန်းနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အေးနိုင်နှင့် ကျန်းမာရေး ဝန်ထမ်းများ၊  ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)