ဂွမြို့နယ်တွင် လစ်လပ်လျက်ရှိသော သံဃသမ္မုတိရသံဃာ့ ဆရာတော် ကိုယ်စားလှယ်တစ်ပါး အစားထိုးပြန်လည် ရွေးချယ်သည့် အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် လစ်လပ်လျက်ရှိသော သံဃသမ္မုတိရသံဃာ့ ဆရာတော် ကိုယ်စားလှယ်တစ်ပါး အစားထိုးပြန်လည် ရွေးချယ်သည့် အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီတွင် သိမ်ကုန်းစေတီတော်ဝန်းအတွင်းရှိ မဏိကဥ္ဇဏဝေလာဗိမာန်တွင် ကျင်းပခဲ့ပြီး လစ်လပ်လျက်ရှိသည့် သံဃသမ္မုတိရသံဃာ့ ဆရာတော် ကိုယ်စားလှယ်တစ်ပါးကို သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ရွေးချယ်ခဲ့ကြကြောင်း သိရသည်။

ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာ(၃)ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာ(၃)ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ရွှေဘိုမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ကန်ပိုက်တီမြို့၌ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ စီးကရက်စက်ရုံ​ဟောင်း​ရှေ့ ကွင်းပြင်၌ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ပြုလုပ်ခဲ့သည်။

ရွှေပြည်သာမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်များ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်လိုသူများအား ရပ်ကွက်၊ကျေးရွာများအရောက် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်(၁၀)နာရီမှစတင်၍ လှော်ကားကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲ အခမ်းအနားကျင်းပ

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သော နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၈ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်က တိုက်ကြီးမြို့နယ် ဈေးရပ်ကွက် သာသနပါလဘုန်း​​တော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

တနိုင်းမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနာခရိုင်၊ တနိုင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ၌ ယမန်နေ့ နံနက်(၁၀)နာရီက ကလေးသူငယ်ပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပခဲ့သည်။

တနင်္သာရီမြို့နယ်၊ တမုတ်ချုန်းကျေးရွာအုပ်စုအတွင်း Mask Campaign ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအေးနိုင်၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံမိဘပြည်သူများနှင့် ခရီးသွားပြည်သူများက နေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျ ဝတ်ဆင်တတ်သည့် အလေ့အကျင့်ကောင်းများကို လိုက်နာကျင့်သုံးစေရေး ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် Mask Campaign အသွင်ဖြင့် အစဉ်ဆက်မပြတ် ပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်က တနင်္သာရီမြို့နယ်၊ တမုတ်ချုန်း ကျေးရွာအုပ်စု-ရှမ်းအင်းတော်ရွာရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအရှေ့ တနင်္သာရီမြို့ ကော့သောင်းမြို့အသွား ပြည်ထောင်စုလမ်းမကြီး နေရာတွင် တမုတ်ချုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှဌေးနှင့်အဖွဲ့က Mask Campaign ပြုလုပ်ပေးကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

“မြသီတာဂုဏ်ယူလျက်ပါနှင့် ဘဝအတွေ့အကြုံ ဇာတ်လမ်းအဖုံဖုံ” စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ် နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ စုပေါင်း၍ စာရေးဆရာမ မေချို(ပျဉ်းမနား) ရေးသားသည့် “မြသီတာဂုဏ်ယူလျက်ပါနှင့် ဘဝအတွေ့အကြုံ ဇာတ်လမ်း အဖုံဖုံ”   စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ သည်။

ပြင်ဦးလွင်မြို့ရှိ ရတနာမာရ်အောင်ကျောင်းစာသင်တိုက်သို့  ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁) ရှိ ရတနာမာရ်အောင်ကျောင်းတိုက် ဆရာတော်နှင့် သံဃာတော် အပါး (၈၀) အတွက်  ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို  ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က ခရိုင်/မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက အဆိုပါကျောင်းတိုက်သို့  သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Subscribe to