နတ်မောက် ဖေဖော်ဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ဂွေးတောက်ကုန်းကျေးရွာအုပ်စု ညိုသူ့မြောင်ကျေးရွာတွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအား ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့ နံနက် (၉)နာရီ အချိန်ခန့်က ညိုသူ့မြှောင်ကျေးရွာ အုပ်ချုပ်ရေးမှူး နေအိမ်တွင် ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ညိုသူ့မြှောင်ကျေးရွာ အတွင်းရှိ အသက် (၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် လာရောက်ပြုလုပ်သူ ကျား(၁၀)ဦး၊ မ(၂၀)ဦး၊ လဲလှယ် ကျား (၂)ဦး၊ မ(၁)ဦး၊ မိတ္တူ ကျား(၁)ဦး စုစုပေါင်း (၃၄) ဦးအား ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နတ်မောက်မြို့နယ် ဦးစီးမှူးရုံး အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများရှိ ဒေသခံပြည်သူများ၊ အခြေခံပညာကျောင်းများသို့အရောက် လိုက်လံဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။ သင်းသင်းမြတ်