ငပု​တောမြို့နယ် (Community Centre) ခန်းမတွင် စားသုံးသူအခွင့်အ​ရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

ငပု​တော ​ဖေ​ဖော်ဝါရီ   ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌  ယမန်နေ့ နံနက် (၁၀) နာရီက စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ​ဒေါ်နုနု​အေးက အသိပညာပေး Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ​ဒေါ်မြင့်မြင့်စန်းက   ကုန်စည်ဝန်​ဆောင်မှုများ နှင့် ပတ်သက်၍  ဝယ်ယူသုံးစွဲရာ၌ စားသုံးသူပြည်သူများ သိရှိ​စေရန်နှင့် ထုတ်လုပ်၊ ဖြန့်ဖြူး​ရောင်းချ သည့် လုပ်ငန်းရှင်များအ​နေဖြင့် သိရှိလိုက်နာ ​ဆောင်ရွက်နိုင်​စေရန်အတွက် စားသုံးသူဆိုင်ရာ အခွင့် အ​ရေးများ၊ ကုန်စည်ဝန်​ဆောင်မှုများနှင့် ပတ်သက်၍ ဝယ်ယူသုံးစွဲရာ၌ နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ  စီးပွား​ရေးလုပ်ငန်းရှင်များအ​နေဖြင့်  စားသုံးသူ​ရေးရာဦးစီး ဌာန၏  စားသုံးသူ၏ အခွင့်အရေးတာဝန်များ၊  ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်း ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ တားမြစ်ချက်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပြဋ္ဌာန်းချက် များ၊ ပြစ်မှုပြစ်ဒဏ်များကို အကျယ်တဝင့် ရှင်းလင်း​ဆွေး​နွေးခဲ့​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)