သာစည် ဖေဖော်ဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ မြို့ပေါ်လူစည်ကားရာ နေရာများတွင် Mask Campaign နှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ကူးစက်မှုကာကွယ်ရေး အသိပညာပေးခြင်းများကို ယ နေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သာစည်မြို့ မြန်မာ့စီးပွားရေးဘဏ်ရှေ့ မိတ္ထီလာ-တောင်ကြီး ကားလမ်းမဘေးနှင့် မြို့မဈေးကြီးတို့၌ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များနှင့် ကိုဗစ်-၁၉ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန်ဝေပေးပြီး (Mask)ကို နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း စနစ်တကျ တပ်ဆင်ရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများ လိုက်နာကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ကူးစက်မှုမှ ကာကွယ်ရေးအတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ပြည်သူသို့ အသိပေး တိုက်တွန်းနှိုးဆော်ချက်နှင့် ပြည်သူသို့ အသိပေး ပန်ကြားချက်များကို လိုက်နာပြီး ပူးပေါင်းပါဝင် ပေးကြပါရန် အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Mask Campaign နှင့် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)