ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သည့် နေအိမ်ရှိ မိသားစုဝင်များအား စားနပ်ရိက္ခာ များ ထောက်ပံ့ခြင်းနှင့် Quarantine Center များ ထားရှိနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေး

မောင်တော  ဖေဖော်ဝါရီ  ၂၀

ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သည့် နေအိမ်ရှိ မိသားစုဝင်များအား စားနပ်ရိက္ခာ များ ထောက်ပံ့ခြင်းနှင့် Quarantine Center များ ထားရှိနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင်ဝင်းနိုင်နှင့် အဖွဲ့ဝင်များ၊ ကရုဏာကွန်ရက် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးချစ်ထူးခိုင်နှင့် အသင်းဝင်များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၉ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုး တွေ့ ရှိခဲ့သော မြို့မရှေ့ရပ်ကွက်နှင့် မြို့မမြောက်ရပ်ကွက်ရှိ Quarantine ထားရှိသည့် မိသားစုဝင်များအား  ဆန်၊ ဆီ၊ ကြက်ဥ စသည့် စားနပ်ရိက္ခာများကို ကျေးရွာအုပ်ချုပ်ရေးမှူးမှ တစ်ဆင့် ထောက်ပံ့ပေးအပ်ခဲ့ သည်။  ထို့နောက်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များသည်  Quarantine ထားရှိမည့်  မြို့နယ်သာသနာ့ဗိမာန်တွင် ကုတင် များ စီစဉ်ဆောင်ရွက်ခြင်းနှင့် လူနာ ၅၀ ခန့်ထားရှိမည့်  မြို့နယ်အားကစားခန်းမ ကုသရေး Center   တို့တွင် ရေ၊ မီး၊ ကုတင် စသည့်တို့ အဆင်ပြေစေရေးအတွက် ကြိုတင်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး(ခရိုင် ပြန်/ဆက်)