ပွင့်ဖြူမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စားမေးပွဲ ကျောင်းသား၊ ကျောင်းသူ ၁၂၀၆ ဦး ဝင်ရောက်ဖြေဆိုမည်

ပွင့်ဖြူ ဖေဖော်ဝါရီ ၂၀

၂၀၂၂ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စားမေးပွဲကို မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၂၀၆ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၇)ခုဖြင့် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ် ကာလအတွင်း စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က ယာဉ်အန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေးနှင့် နယ်မြေလုံခြုံရေး ကိစ္စရပ်များကို စာစစ်ဌာနအလိုက် အနီးကပ်ကြီးကြပ် ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရကာ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆို ရန် လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း ၁၂၀၆ ဦးရှိကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူး ဒေါ်သန်းသန်းအေး ထံမှ သိရသည်။   

ရဲဝင်းနိုင် ( ညောင်ဦး )