ကျောက်တံတားမြို့နယ်ရှိ ဆူးလေဘုရား ပလက်ဖောင်းစင်္ကြန်နှင့် ရေမြောင်းများပြုပြင်

ကျောက်တံတား ဖေဖော်ဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ယနေ့ နံနက် ()နာရီအချိန်၌ ဆူးလေဘုရား ပလက်ဖောင်းစင်္ကြန်များကို အင်ဂျင်နီယာဌာန (လမ်းတံတား)မှ တာဝန်ယူ ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စင်္ကြန်ပလက်ဖောင်းများ ပြုပြင်ဆောင်ရွက်လျက်ရှိရာ စ်ဆက်တည်း ပလက်ဖောင်းအောက်ရှိ ရေမြောင်းများအား ရှင်းလင်းဆောင်ရွက်မှုကို ဒုတိယ ညွှန်ကြား ရေးမှူး ဦးကံညွန့် အင်ဂျီနီယာဌာန (လမ်းတံတား)မှ အနီးကပ်ကြီး ကြပ်ဆောင်ရွက် လျက်ရှိပြီး လမ်းတံတားဌာန၊ ရေစီးရေလာဌာနမှ ဝန်ထမ်းများမှ ပြုပြင်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)