ဟိုပန် ဖေဖော်ဝါရီ ၂၀
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်း(Mask) တပ်ဆင်ရေး လှုပ်ရှားမှုကို ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်းကာ ယမန်နေ့ နံနက်ပိုင်းက ဟိုပန် မြို့မဈေး၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဟိုပန်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးတင့် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်းကာ ဟိုပန်မြို့မဈေးရှေ့နှင့် ဈေးတွင်းရှိ ဈေးရောင်းဈေးဝယ် လာရောက်သည့် အများပြည်သူများအား ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီကရွန် အပါအဝင် ရောဂါပိုး ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မဖြစ်မနေ နှာခေါင်းစည်း(Mask)များ စနစ်တကျ အလေးထား တပ်ဆင်၍ သွားလာနေထိုင်ကြရန်နှင့် နှာခေါင်းစည်း(Mask) တပ်ဆင်ထားခြင်း မရှိသည့် ပြည်သူများအား နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်၊ စည်းကမ်းချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ကြရန်တို့ကို လက်ကိုင်အသံချဲ့စက်ဖြင့် လိုက်လံ၍ အသိပညာပေးခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)