ကျောက်မဲမြို့ ၊ အမှတ် ၅ ရပ်ကွက် ၊ ချယ်ရီလမ်းတိုးချဲ့ခြင်း၊ ထပ်ပိုးလွှာခင်းခြင်းနှင့် တံတားတည်ဆောက်နေမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေး

ကျောက်မဲ ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ် ၅ ရပ်ကွက်ရှိ ချယ်ရီလမ်းအား ချဲ့ခြင်း၊ ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းနှင့် အဆိုပါ လမ်းရှိ တံတားအား ပြန်လည်တည်ဆောက်ခြင်း တို့အား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေနှင့် အဖွဲ့ဝင်များက ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် ကျောက်မဲမြို့ စည်ပင်သာယာရေးဌာနမှ တာဝန်ခံအင်ဂျင်နီယာ၊ အင်ဂျင်နီယာမှူး ဦးဇော်မျိုးဝင်းက လုပ်ငန်း ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့‌ကြောင်း သိရသည်။

အဆိုပါ လမ်းပြုပြင်သည့်နေရာသည် ကျောက်မဲမြို့၊ မင်္ဂလာဈေးအနီးတွင် ရှိနေပြီး နံနက်ပိုင်း ပျံကျဈေးသည်များ ဈေးရောင်းချနေသည့်ဖြစ်ကာ မူလ လမ်းနေရာသည် အကျယ် ၁၂ ပေသာရှိပြီး ကျဉ်းမြောင်းလွန်း‌သောကြောင့် စည်ပင်သာယာရေးဌာန၏ ရန်ပုံငွေကျပ် ၂၇၁ ဒဿမ ၃၂ သိန်းဖြင့် လမ်းအရှည် ၃၅၀ ပေရှိလမ်းအာ တစ်ဘက် ၅ ပေစီ တိုးချဲ့ခြင်း၊ ၉ လက်မအမြင့်ရှိ ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် အလျား ၃၈ ပေ၊ အနံ ၅ ပေ ရှိ သံကူကွန်ဂရစ် တံတားကို  ပြန်လည် တည်ဆောက်ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းတံတားအား ၂၀၂၂ ခုနှစ် ၊ ဇန်နဝါရီ ၁ ရက်နေ့တွင် စတင် တည်ဆောက်ခဲ့ပြီး လုပ်ငန်း ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း