မိုင်းတုံ ဖေဖော်ဝါရီ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ စည်ပင်သာယာရေး ဦးစီးဌာနမ ၂၀၂၁-၂၀၂၂ ခုနှစ် (အောက်တိုဘာလမှ မတ်လအထိ) ပထမ(၆)လတာ ကာလအတွင်း ငွေလုံးငွေရင်း လုပ်ငန်းများဖြင့် ဆောင်ရွက်သောမြို့မရပ်ကွက်ရှိ အမှတ်(၂)လမ်း ကွန်ကရစ် ခင်းနေမှုကို ယနေ့နံနက်ပိုင်းက မိုင်းတုံမြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးဌေးဒမ်နှင့် တာဝန်ခံအင်ဂျင်နီယာ ဒေါ်ဒီဘောလာမှ ကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါကွန်ကရစ်လမ်းကို သီရိနီဆောက်လုပ်ရေးကုမ္မဏီမှ မိုင်းတုံမြို့နယ်၊ စည်ပင်သာယာရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ခုနှစ် (အောက်တိုဘာလမှမတ်လအထိ) ပထမ(၆)လတာကာလအတွင်း ငွေလုံးငွေရင်း လုပ်ငန်းများမှ မြို့မအမှတ်(၂)လမ်းအရှည် (၅၀၀) ပေ၊ အကျယ်(၁၂)ပေနှင့် ထု( ၀-၆) လက်မကိုငွေကျပ်(၁၇၁၉၀၀၀၀ိ) ဖြင့် တင်ဒါအောင်မြင်ခဲ့ပြီး လုပ်ငန်းကို တာဝန်ခံ အင်ဂျင်နီယာ ဦးပိုင်ခန့်ကျော် (BE- Civil)က ၁၀-၂-၂၀၂၂ ရက်နေ့မှစတင်၍ ကွန်ကရစ် လမ်းခင်းခြင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါကွန်ကရစ်လမ်းကို အရည်အသွေးပြည့်မီအောင် ဆောင်ရွက်စေရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်စေရေးတို့ကို မိုင်းတုံမြို့နယ်၊ စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးဌေးဒမ်မှ မှာကြားပြီးလိုအပ် ချက်များကို လမ်းညွှန်ပေးခဲ့ကြောင်း သိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)