ဒိုက်ဦးမြို့နယ်၌ လက်ကိုင်ရှည်လက်တွန်းထွန်စက် ထွန်ယက်ခြင်းသရုပ်ပြပွဲ အခမ်းအနားကျင်းပ

ဒိုက်ဦး  ‌ဖေဖော်ဝါရီ ၂၀

ပဲခူးတိုင်း​ဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒိုက်ဦးမြို့နယ် စက်မှုလယ်ယာ ဦးစီးဌာန အမှတ် (၂၄) စက်မှုလယ်ယာစခန်းမှ ကြီးမှူးကျင်းပသော  လက်ကိုင်ရှည် လက်တွန်း ထွန်စက် လူထိုင်စီး၍  သမန်းမွှေကိရိယာဖြင့် ထွန်ယက် သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ဒိုးတန်းကျေးရွာ  တောင်သူဦးမောင်စိုး၏ လယ်မြေ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဒိုက်ဦးမြို့နယ် စက်မှုလယ်ယာဦးစီးဌာန ဦးအရာရှိ ဦးသီဟကျော်စွာမှ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းရာတွင် လယ်ယာသုံး စက်ကိရိယာများအား လွယ်ကူစွာ ကိုင်တွယ်မောင်းနှင်နိုင်ခြင်း၊ လက်ကိုင်ရှည် လက်တွန်းထွန်စက် အသုံးပြုခြင်းဖြင့် ဘီးချော်မှူမရှိဘဲ လုပ်ငန်းတွင်ကျယ်ခြင်း၊ လုပ်ငန်းပြီးစီးမှု ပိုမိုမြန်ဆန်၍ ဆီကုန်ကျမှုနည်းခြင်းတို့ကြောင့် ကုန်ကျစရိတ်သက်သာခြင်း၊ လမ်းလျှောက်ရန် မလိုသည့်အတွက် လူသက်သာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်း​မြင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ စက်မှုလယ်ယာ ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေးဝါသနာရှင်များ၊ တောင်သူဦးကြီးများမှ လက်တွန်း ထွန်စက် လက်တွေ့သရုပ်ပြ မောင်းနှင်နေမှုနှင့် စိုက်ပျိုး​ရေးနှင့် စက်မှုလယ်ယာ ဦးစီးဌာနမှ ပူးပေါင်းဆောင်ရွက်ထားသည့် (၄)ရက်သား ပျိုးဗန်းများအား ကြည့်ရှူအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)