သာယာဝတီခရိုင် လူထုအခြေပြုဗဟိုဌာန၌ (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုးတန်ဖိုး ထားသူများ အသိပညာဗဟုသုတ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(မြို့နယ်စာရေးဆရာအသင်း)နှင့် ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့၌ မြို့ပြသန့်ရှင်းသာယာလှပစေရေးအတွက် ရေဆိုးထုတ်အုတ်ရေမြောင်း တူးဖော်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ဌာနခွင့် ပြုရန်ပုံငွေဖြင့် မြို့ပြသန့်ရှင်းသာယာလှပစေရန်နှင့် ရေကြီးရေလျှံမှုအန္တရာယ် ကင်းဝေးစေရေးအတွက် ပွင့်ဖြူမြို့၊ အလယ်ပိုင်း ရပ်ကွက်အနီးတွင် ရေဆိုးထုတ်အုတ်ရေမြောင်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၂)ကြိမ် ထိုးနှံပြီးသူများအား ထပ်ဆောင်း ကာကွယ်ဆေး (Booster Does) စတင်ထိုးနှံပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ အသက် (၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(၂)ကြိမ် ထိုးနှံပြီး သူများအား ထပ်ဆောင်းကာကွယ်ဆေး (Booster does) ထိုးနှံပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန် နမ့်ခမ်းမြို့ ကုတင်(၁၀၀)ဆန့် ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပုလောမြို့နယ် ပလမြို့၌ နှာခေါင်းစည်း Mask  များ စနစ်တကျ တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပလမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask  များ စနစ်တကျ တပ်ဆင် သွားလာ ရေး Mask Campaign ပြုလုပ်ခြင်းကို ဖေဖော်ဝါရီလ ၂၄  ရက်နေ့ နံနက် ၇နာရီ ခွဲက ပလမြို့မဈေး နှင့် မြို့ပေါ်ရပ်ကွက်များအတွင်း   ပြုလုပ်ခဲ့ကြသည်။

ဖား​ဆောင်းမြို့နယ် ဝမ်​အောင်းကယား​ကျေးရွာ ​​ဒေသဖွံ့ဖြိုး​ရေး ကွင်းဆင်းစစ်​ဆေး

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ် ဝမ်​အောင်း(ကယား) ကျေးရွာ ​ဒေသဖွံ့ဖြိုး​ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့နှင့်ပညာ​ရေးအဖွဲ့တို့က ယ​နေ့နံနက် (၈) နာရီ အချိန်က ကွင်းဆင်းစစ်​ဆေးခဲ့​ကြောင်းသိရသည်။

သီပေါမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများ ဆောင်ရွက်

ပွင့်လင်းရာသီသို့ ကူးပြောင်းရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မှုများ ၊ မီးလန့်မှုများ မဖြစ်ပွား စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ယမန်နေ့မွန်းလွဲ ၃နာရီ အချိန်က မြို့တွင်းရပ်ကွက်များနှင့် အနီးအနားကျေးရွာများသို့ လှည့်လည်နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့ မန်ကျည်းသီးစျေးကွက်သို့ မန်ကျည်းသီးများ ပုံမှန်ဝင်ရောက်လျက်ရှိ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့ မန်ကျည်းသီးစျေးကွက်သို ့မန်ကျည်းသီးများ ပုံမှန်ဝင်ရောက်လျက်ရှိကြောင်း မြို့သစ်မြို့နယ်မှ မန်ကျည်းသီးဝယ်ယူသူ တစ်ဦးထံက သိရသည်။

တံတားဦးမြို့တွင် မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် အမျိုးသမီးရေးရာဖွေဲ့တို့ ပူးပေါင်းပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show )ကို ယနေ့ နံနက် (၁၀)နာရီက ကျင်းပကြောင်းသိရသည် ။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငါးခူရကျေးရွာအတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask များဖြန့်ဝေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ငါးခူရကျေးရွာအတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီအချိန် နှာခေါင်းစည်း (Mask) များအား ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
Subscribe to