နမ္မတူမြို့နယ်တွင် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ ၄၈၅ ဦးအား ဒုတိယအကြိမ် Sinopharm အမျိုးအစား ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့တွင် ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော် ခန်းမ၌ အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ ၄၈၅ဦးအား ဒုတိယအကြိမ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှ သိရသည်။

မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ် (အိုမီခရွန်) ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး Mask Campaign ပြုလုပ်

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)နှင့် ပတ်သက်၍ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀)နာရီက မြို့အဝင်လမ်းဆုံနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံး‌ရှေ့တို့၌ ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကမ‌မောင်းမြို့၌  ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး Booster Dose စတင်ထိုးနှံပေး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမ‌မောင်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး သူများအား ကိုဗစ်၁၉ ထပ်ဆောင်း ကာ ကွယ်ဆေး Booster Dose ပြန်လည်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်

ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

သံတွဲမြို့၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

သံတွဲမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Covaxin / Sinopharm ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၁၀နာရီမှ စတင်၍ သံတွဲမြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးစင်တာများ၌ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

မိုးမိတ်မြို့နယ်တွင် ကျန်းမာရေးအဆင့်မြင့် ကျောင်းထူထောင်ရေးလုပ်ငန်းစဉ်များ ဆင့်ပွားသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် ကျန်းမာရေးအဆင့်မြင့် ကျောင်းထူထောင်ရေး လုပ်ငန်းစဉ်များ ဆင့်ပွားသင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးနှင့်ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့နယ်၌ သဘာဝအခြေခံခရီးသွားလုပ်ငန်း ဂဲမိုးအိုင်ခရီးစဉ်သစ် ဖော်ဆောင်ထားရှိ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ဂဲမိုးအိုင်ခရီး စဉ်သစ်သို့ သွားရောက်လေ့လာမည်ဆိုပါက ကျောက်ပန်းတောင်းမြို့မှမိတ္ထီလာဘက်အ ထွက် ၇မိုင်ခန့်ကွာ၊ ကြက်မောက်တောင်ဆည်အနီးမှမြောက်ဘက် ၂မိုင်၃ဖာလုံခန့်အကွာ ရှိ လဲဂွရွာနှင့်လက်ပံအိုင့် ကျေးရွာမြောက်ဘက် ၂မိုင်ခန့်အကွာရှိ မြောက်ကျောက်အိုးနှင့်ဂဲ မိုးအိုင်နေရာသို့ ရောက်ရှိ လေ့လာနိုင်ကြောင်း သိရသည်။

ဟင်္သာတမြို့၌ မြို့အဝင်ဂိတ်များတွင် ခရီးသွားလာသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှု ရှိ/မရှိ RTD Test Kit ဖြင့် အခမဲ့စစ်ဆေးပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၌ မြို့အဝင်ဂိတ်များတွင် ခရီးသွားလာသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုရှိ/မရှိ RTD Test Kit ဖြင့် အခမဲ့ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အင်တောမြို့ ကျောက်ဂူဈေးတွင် mask Campaign ပြုလုပ်

ရှမ်းပြည်နယ် ​တောင်ပိုင်း၊ အင်တောမြို့ ကျောက်ဂူကျေးရွာ ကျောက်ဂူဈေးတွင် ဖေ​ဖော်ဝါရီ အိုမီခရွန် အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ရေးကို ယနေ့ နံနက် ၈ နာရီက အဆိုပါဈေး၌ Mask Campaign ပြုလုပ်ခဲ့သည်။

အလုံမြို့နယ်၌ အသက်(၁၈)နှစ်အထက် ရပ်ကွက်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Phase-6 second dose၊နှင့် Phase-7 first dose ထိုးနှံခြင်းများ ဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ.ထ.က(၄)ကျောင်းရှိ သီရိရတနာခန်းမတွင် ယနေ့နံနက် (၉း၀၀) အချိန်က ၁၈နှစ်အထက်နှင့် ဘိုးဘွားများ၊ ပြည်သူများ၊ လက်ရှိတာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၆၊ သံဃာတော် များနှင့် စည်ပင်ဈေး ဝန်ထမ်းများ၊ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို Phase-6 second dose၊နှင့် Phase-7 first dose ထိုးနှံခြင်းကို ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
Subscribe to