ပွင့်ဖြူမြို့၌ မြို့ပြသန့်ရှင်းသာယာလှပစေရေးအတွက် ရေဆိုးထုတ်အုတ်ရေမြောင်း တူးဖော်ဆောင်ရွက်

ပွင့်ဖြူ ဖေဖော်ဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ဌာနခွင့် ပြုရန်ပုံငွေဖြင့် မြို့ပြသန့်ရှင်းသာယာလှပစေရန်နှင့် ရေကြီးရေလျှံမှုအန္တရာယ် ကင်းဝေးစေရေးအတွက် ပွင့်ဖြူမြို့၊ အလယ်ပိုင်း ရပ်ကွက်အနီးတွင် ရေဆိုးထုတ်အုတ်ရေမြောင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေဆိုးထုတ်အုတ်ရေမြောင်းမှာ အရှည်ပေ ၈၀၀ ရှိပြီး အကျယ် ၃ ပေ၊ အနက် ၃ ပေ အုတ်စီ ရေနုတ်မြောင်းအဖြစ် ဆောင်ရွက်ခြင်းဖြစ်ကာ ၂၀၂၁ -၂၀၂၂ ဘဏ္ဍာရေးနှစ် ၊ ဌာနခွင့်ပြုရန်ပုံငွေကျပ် သန်း(၂၀)ဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဦးဇော်မင်းဦးက အနီးကပ် ကြီးကြပ်၍ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်နေ့က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ကြောင်း သိရကာ ယခုအခါ ရေဆိုးထုတ်အုတ်ရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်းမှာ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေဆိုးထုတ်အုတ်ရေမြောင်း တူးဖော်ဆောင်ရွက်ပြီးစီးပါက မိုးတွင်းကာလ မြို့တွင်း ရေစီးရေလာ ကောင်းမွန်စေမည့်အပြင် လူနေအိမ်များအတွင်း ရေကြီးရေလျှံမှုများ ကင်းဝေးစေမည်ဖြစ်ကာ ရေတိုက်စားမှုကြောင့် လမ်းပျက်စီးမှုများလည်း လျော့နည်းသက်သာစေမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက ပြောသည်။   

ရဲဝင်းနိုင် (ညောင်ဦး)