နတ်မောက်မြို့နယ် တောင်ဒေါင့်ကျေးရွာအုပ်စု၊ ကုန်းဇောင်းကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် တောင်ဒေါင့်ကျေးရွာအုပ်စု ကုန်းဇောင်းကျေးရွာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူ များအား ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့ နံနက်ပိုင်းက ကုန်းဇောင်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။ 

မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ အနားယူ အစားထိုးရွေးချယ်ခြင်းဆိုင်ရာ အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ အနားယူ အစားထိုးရွေးချယ်ခြင်းဆိုင်ရာ အခမ်းအနားကို ယမန်နေ့မနက်(၁၀)နာရီအချိန်က မကွေးမြို့၊ အောင်မြေရတနာကျောင်းတိုက် တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် Mask Campaign ပြုလုပ်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက်ပိုင်းက လူအများ အသွားအလာများသည့် နံနက်ခင်းဈေး၊ လမ်းဆုံများ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောက်ဆီဂျင်အိုးများ လှူဒါန်းပေးအပ်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်ကို ယမန်နေ့ညနေပိုင်းက မူဆယ်မြို့နယ်၊ ခိုလုံလီရှောတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်မြင့်မှ ဦးဆောင်၍ ဦးအိုက်ရင် မိသားစုက အောက်ဆီဂျင် အသင့်ပါဝင်သော (၄၀)လီတာ ဆန့်အိုးများအား ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ နမ့်ဆန်မြို့နယ် စေတနာလုပ်အားရှင် လူငယ်များ

ရှမ်းရွာသစ်မြို့၊မဲသမူးကျေးရွာ အုပ်စုတွင် ကာကွယ်ဆေးထိုးရန်ကျန်ရှိသော ဒေသနေ ပြည်သူများအား COVIDSHIELD ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ မဲသမူးကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ရောဂါကြို တင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို လျှော့နည်း စေရန်ရည်ရွယ် ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။

ကမာရွတ်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ ကိုဗစ်-၁၉​ရောဂါ ကာကွယ်ဆေး (Covid Shield)ဒုတိယအကြိမ် ဆက်လက် ထိုးနှံ​ပေး

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်တွက် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ဒုတိယအကြိမ်(Covid Shield)ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ယနေ့ နံနက် ၉နာရီ ကမာရွတ် မြို့နယ်၊ အမှတ်(၉) ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းရှိတက္ကသိုလ်များ​ ဆေးရုံ(ရန်ကုန်)အ​ရေး​ပေါ်နှင့် ပြင်ပလူနာဌာနတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ပုလောမြို့နယ် ၌ နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်သွားလာရေးMask Campaign ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ကိုဗစ်-၁၉ ဗီဇပြောင်း Omicron (အိုမီခရွန်)ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် ၈နာရီက ပုလောမြို့ မဈေးအတွင်း ပြုလုပ်ခဲ့ကြသည်။

ဒဂုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက်၊ ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံ

ရန်ကုန်အနောက်ပိုင်းခရိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော်ဝင်း အတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်းတွင် ယမန်နေ့နံနက် (၉:၀၀) နာရီ အချိန်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် (COVISHIELD) ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း (၁၃၂)ဦးကို ၎င်းဒုတိယအကြိမ် ကာကွယ်ဆေး (COVISHIELD) ထိုးနှံသူစုစုပေါင်း (၂၄၂)ဦးကို ၎င်းအသီးသီး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

ရခိုင်ပြည်နယ် မောင်တောမြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့

ရခိုင်ပြည်နယ်၊ မောင်တောမြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ အပြည်အပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်းကာ ထောက်ပံ့သည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အထောက်အကူပြု ပစ္စည်းများကို ယနေ့ နံနက်ပိုင်းက အ.ထ.က(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပဲခူးခရိုင် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ

ပဲခူးခရိုင် မြန်မာ့စီးပွါးရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၈)နာရီခွဲအချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ စတုတ္ထနေ့အဖြစ် အလှည့်ကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to