အင်္ဂပူမြို့နယ်တွင် နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign နှင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် အင်္ဂပူမြို့မစျေးရှေ့ လမ်းဆုံတွင် ယနေ့ နံနက် (၇)နာရီအချိန်၌ အင်္ဂပူမြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့မှ ဦးဆောင်၍ နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign နှင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron)ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။