နမ့်ခမ်း ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ အသက် (၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(၂)ကြိမ် ထိုးနှံပြီး သူများအား ထပ်ဆောင်းကာကွယ်ဆေး (Booster does) ထိုးနှံပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန် နမ့်ခမ်းမြို့ ကုတင်(၁၀၀)ဆန့် ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နမ့်ခမ်းမြို့နယ်အတွင်းရှိ ပြည်သူများသည် ကိုဗစ်-၁၉ရောဂါနှင့် မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါများ ကူးစက်ဖြစ်ပွားခြင်းမှ ကြိုတင် ကာကွယ်နိုင်ရန် ရောဂါကာကွယ်ဆေးများ ထိုးနှံထားခြင်းဖြင့် ရောဂါကူးစက်ဖြစ်ပွားနိုင်မှု၊ ပြင်းထန်သည့် ရောဂါလက္ခဏာခံစားရမှုများ လျော့နည်းသည်ကို သိရှိပြီး ကာကွယ်ဆေးကို လိုလားစွာ လာရောက် ထိုးနှံလျက်ရှိပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (၂)ကြိမ် ထိုးနှံပြီးစီး၍ အချိန်(၆)လပြည့်ပြီး ပြည်သူများအား ပြည်သူ့ဆေးရုံ၌ ရုံးတက်ရက် နံနက်(၁၀)နာရီမှ ညနေ(၃)နာရီအထိအချိန်တွင် ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster does)ကို ထိုးနှံပေးလျက်ရှိသည်။
နမ့်ခမ်းမြို့၌ (၂၂)ရက်နေ့မှစတင်၍ ထပ်ဆောင်းကာကွယ်ဆေး (Booster Does) စတင်ထိုးနှံပေးလျက်ရှိရာ (၂)ရက်အတွင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၂)ကြိမ် ထိုးနှံပြီး၍ အချိန်(၆)လပြည့်ပြီး အသက်(၁၈)နှစ်အထက် ပြည်သူများ(၃၀၃)ဦး ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster does) ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
ဆိုင်ထွန်း