မိုင်းခတ်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ပြုလုပ်ပေး
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းခတ်မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ပေးခြင်းကို ယမန်နေ့က မိုင်းညှင်းကျေးရွာအုပ်စုနှင့် ဟုတ်ပုံကျေးရွာအုပ်စုရှိဒေသခံ ပြည်သူများထံ ကွင်းဆင်း ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။