မောင်တော ဖေဖော်ဝါရီ ၂၄
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ငါးခူရကျေးရွာအတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီအချိန် နှာခေါင်းစည်း (Mask) များအား ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ငါးခူရပြန်လည်လက်ခံရေး မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး မျိုးကျော် ဦးဆောင်၍ တပ်ဖွဲ့ဝင်များ၊ ငါးခူရကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများ ပူးပေါင်းကာ ငါးခူရကျေးရွာအတွင်းရှိ လမ်းသွား၊ လမ်းလာပြည်သူများအား နှာခေါင်းစည်း (Mask) ဖြန့်ဝေပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် လက်ကိုင်အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
အောင်ကျော်စိန်၊ သက်လွင်စိုး